spot_img
Wednesday, March 4, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေးအတိုက်အခံလော မိတ်ဖက်လော MUP ပေါ်လစီချပြပေးသင့်ပြီ

    အတိုက်အခံလော မိတ်ဖက်လော MUP ပေါ်လစီချပြပေးသင့်ပြီ

    -

    အယ်ဒီတာအာဘော်

    မွန်နိုင်ငံရေးပါတီများအနေဖြင့် အစိုးရအပေါ်ထားရှိခဲ့သည့်သဘောထားများတွင် အတိုက်အခံလော မိတ်ဖက်လော တိကျပြတ်သားသည့်ပေါ်လစီကို အတိအလင်းထုတ်ဖော်ပြောကြားလေ့မရှိသဖြင့် လွှတ်တော်ကိုယ်စားလှယ်အချို့က မိမိတို့နားလည်သဘောပေါက်သလိုသာရပ်တည်ပြီး အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရသည်။

    လက်ရှိ မွန်ညီညွတ်ရေးပါတီ MUP အဖြစ် နိုင်ငံရေးအင်အားစုများပေါင်းစည်းလာချိန်တွင် ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးတစ်ဦး၊ ဝန်ကြီးချုပ်ကို ဝန်းရံပေးနေသောလွှတ်တော်အမတ်တစ်ဦး၊ လွှတ်တော်တွင် အဓိကအတိုက်အခံဖြစ်နေသော လွှတ်တော်အမတ်တစ်ဦးနှင့် အမျိုးသားလွှတ်တော်တွင် လွှတ်တော်အမတ်တစ်ဦးသာ ရှိနေသည့်အနေအထားမှာလည်း ၄င်းတို့၏ ကိုယ်ပိုင်ပေါ်လစီများဖြင့်သာ ဆောင်ရွက်နေကြသည်ကို မြင်တွေ့နေရပါသည်။    

    အစိုးရအပေါ် ထားရှိရမည့်ပါတီ၏ပေါ်လစီ တိကျပြတ်သားမှုမရှိသဖြင့် ပြီးခဲ့သည့် ပြည်နယ်လွှတ်တော်အစည်းအဝေးများတွင် မိမိတို့ပါတီဝင်အချင်းချင်း ပွတ်တိုက်မှုများ ရှိခဲ့သည်ကို ဥပမာပြုကာ ပြန်လည်ဆန်းစစ်စေလိုသည်။  

    ပြည်နယ်လွှတ်တော်အစည်းအဝေးတစ်ခု၌ MUP လွှတ်တော်အမတ်တစ်ဦးက အစိုးရအကြပ်ရိုက်စေသော မေးခွန်းမေးမြန်းသည့်ဖြစ်စဉ်တစ်ရပ်တွင် အစိုးရအဖွဲ့ကိုယ်စား MUP ဝန်ကြီး တာဝန်ယူဖြေရှင်းပေးခဲ့ရပုံမှာ မိမိတို့ပါတီဝင်အချင်းချင်း ညီညွတ်ရေးပြိုကွဲနေသကဲ့သို့ ခံစားမြင်တွေ့ခဲ့ပါသည်။

    ထို့အတူ ၂၀၁၀ ရွေးကောက်ပွဲမှတက်လာသော ပြည်ခိုင်ဖြိုးအစိုးရလက်ထက်တွင်လည်း နေရာပေးခံရသော မွန်ဝန်ကြီး ၂ ပါးနှင့် လွှတ်တော်ကိုယ်စားလှယ်များသည်လည်း သက်ဆိုင်ရာလွှတ်တော်နှင့် ပြည်နယ်အစိုးရအဖွဲ့တို့တွင် အဆင်ပြေသလိုလိုက်ပါဆောင်ရွက်ခဲ့ခြင်းသာဖြစ်ပြီး တိကျသောပါတီ၏ပေါ်လစီ မရှိခဲ့ကြောင်း မြင်သိရသည်။

    အကျိုးဆက်ကား ယခင်ကလွှတ်တော်ကိုယ်စားလှယ်ဖြစ်ခဲ့သူများ ဝန်ကြီးဖြစ်ခဲ့ဘူးသူများအနေဖြင့် နောက်တစ်ကြိမ်ရွေးကောက်ပြန်ဝင်ရန် လုံးဝထောက်ခံမှုမရခဲ့သည်အထိ ကံဆိုးသူများဖြစ်ရပြီး ပါတီမှစွန့်ခွာထွက်သွားသူများလည်း ရှိခဲ့သည်။     

    လာမည့်အစိုးရသစ်တွင် MUP ပါတီခေါင်းဆောင်တစ်ဦးဦး အမတ်ကိုယ်စားလှယ်တစ်ဦးဦးကို အနိုင်ရပါတီမှ အစိုးအဖွဲ့အတွင်းနေရာချပေးမှုရှိလာပါက ပါတီ၏ရပ်တည်ချက် ပေါ်လစီရေးရာ ရှင်းလင်းပြတ်သားမှုမရှိခဲ့လျင် ဝန်ကြီးအဖြစ်လက်ခံခဲ့သူမှာ ကံဆိုးသူမောင်ရှင်အမွေဆက်ခံဖို့သာ ရှိတော့သည်။

    ထို့ကြောင့် “မျက်နှာနှစ်ဖက်-အဆင်ပြေသလိုမီးစင်ကြည့်ကပါ” ကဲ့သို့သော ရေရာမှုမရှိသည့်ပေါ်လစီသဘောဖြင့် ဆက်မျှောထားမနေသင့်ဘဲ လာမည့်လွှတ်တော်နှင့် အစိုးရသစ်အခင်းအကျင်းတွင် မွန်ညီညွတ်ရေးပါတီ MUP အနေဖြင့် အတိုက်အခံလော မိတ်ဖက်လော ပွင့်လင်းမြင်သာသော ပေါ်လစီတစ်ရပ် အတိအကျချပြပေးထားသင့်ပါကြောင်း မွန်သတင်းအေဂျင်စီက တိုက်တွန်းလိုပါသည်။

    -မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်အစည်းအဝေးတစ်ခု (MUP)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,000SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks