Tuesday, March 10, 2026
More
    spot_img
    Homeသတင်းရာသီဥတုအပြောင်းအလဲကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာ

    ရာသီဥတုအပြောင်းအလဲကြောင့် ငှက်ဖျားရောဂါ ပိုမိုဖြစ်ပွားလာ

    -

    မွန်ကျန်းမားရေးဌာနတစ်နေရာမှ မွန်ဘာသာဖြင့် ရေးထားသည့် ဌက်ဖျားတိုက်ဖျက်ရေးဆိုင်ရာ ပို့စတာ

    နိုင်မာန်

    မွန်ပြည်သစ်ပါတီထိန်းချုပ်ရာ ရေးချောင်းဖျားဒေသ၌ ယခုကာလ ရာသီဥတုပြောင်းလဲမှုကြောင့် ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း ပိုမိုတိုးပွားလာသည်ဟု ပနန်းပိန်ရွာတွင် တာဝန်ကျနေသူ ကျန်းမာရေးဝန်ထန်းတစ်ဦး ပြောစိုခဲ့သည်။

    “တစ်နေ့ပြင်ပလူနာအယောက် ၃၀ လောက်သွေးစစ်လိုက်ရင် ထက်ဝက်ကျော်က PF မဟုတ်ရင် PV အမျိုးအစားငှက်ဖျားပိုးတွေတွေ့နေရတယ်။ အခုလိုဖြစ်တာက မိုးစရွာတုန်းကသိပ်မများလှဘူး၊ ခုမိုးတွေဆက်လာတော့မှ နေ့တိုင်းလိုလို လူနာပိုများလာတယ်” ဟု ပနန်းပိန်ကျေးရွာ၊ ဆေးရုံတာဝန်ကျဆရာမ မိပကောင်းရွတ် ထိုသို့ပြောဆိုခဲ့ခြင်းဖြစ်သည်။

    မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေ၊ ပနန်းပိန်၊ ကျောဟပြော့၊ ညီစား၊ ချဲ့တိုက်၊ ဗလဲဒွန်းဖိုက်နှင့် ဟလော့ဟနီနယ်စပ်တို့၌ မိုးရာသီအစရောက်တိုင်းနှစ်စဉ်လိုလို ငှက်ဖျားရောဂါဖြစ်ပွားမှုနှုန်း တိုးပွားခဲ့သည်ဟု သိရသည်။

    “ဒီကာလမှာ အထူးသဖြင့်တော့ ခြံသမားတွေမှာအဖြစ်များကြပါတယ်၊ ခြံအလုပ်တွေလုပ်တဲ့ကာလဖြစ်ပြီး ဒီလိုရာသီအပြောင်းအလဲမှာ နည်းနည်းလေးနေမကောင်းဖြစ်တာနဲ့ အနီးစပ်ဆုံးဆေးရုံဆေးခန်းကို သွားပြသသင့်ပါတယ်၊ ပြီးတော့ခြင်အကိုက်မခံဖို့နဲ့ ခြင်ထောင်နဲ့အိပ်စက်အနားယူဖို့ရတယ်၊ ရေကျက်အေးတွေ သန့်ရှင်းတဲ့ရေတွေအသုံးပြုပါ၊ မြောင်းပုတ်ရေတို့ ရေအိုးအဟောင်းထဲက လက်ကျန်ရေတွေကို သွန်ပစ်တာလုပ်ရင် ကျန်းမာရေးကိုများစွာ အထောက်အကူပေးပါတယ်”ဟု အဆိုပါ ဆေးဝန်ထန်းက ရှင်းလင်းပညာပေးမှုများ ပြုလုပ်ခဲ့သည်ဟု သိရသည်။

    ဝေဒနာရှင်များအနေဖြင့် အနည်းငယ်ဖျားသည်ဆိုသည်နှင့် သက်ဆိုင်ရာ ကျန်းမာရေးဌာနများ သွားစရာမလို အပြင်ဆေးဆိုင်များမှ မိမိသဘောဖြင့် ဆေးဝါးဝယ်ယူသောက်သုံးသူများလည်း ရှိကြသည်။ ရောဂါအရင်းအတိအကျမသိပဲ ဆေးဝါးများအတိုင်းအဆမမှန် သောက်သုံးခြင်းဖြင့် ရောဂါသက်သာသော်ငြား ရောဂါမကင်းစင်သဖြင့် ရောဂါတဖန်ပြန်ဖြစ်လာခဲ့သော် ကုသရန်ခက်ခဲ့ကြောင်း၊ တနည်းအားဖြင့် ထိုသို့ဆေးဝါးများသောက်သုံးပြီး ရောဂါများလာရောက်စစ်ဆေးပါက ရောဂါကိုရှာဖွေတွေ့ရှိမည်မဟုတ်ကြောင်း အဆိုပါကျန်မာရေးဝန်ထမ်းက ဆက်လက်ပြောကြားပါသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks