spot_img
Friday, January 16, 2026
More
    spot_img
    Homeငြိမ်းချမ်းရေးရေးတောင်ပိုင်း ဗလဲ့ခပွားတောင်မြေယာကိစ္စ ပြန်လည်စိစစ်ပေးရန် ဒေသခံများတောင်းဆို

    ရေးတောင်ပိုင်း ဗလဲ့ခပွားတောင်မြေယာကိစ္စ ပြန်လည်စိစစ်ပေးရန် ဒေသခံများတောင်းဆို

    -

    စိုင်းထွန်းစံ (မော်လမြိုင်၊ သြဂုတ် ၆)

    ရေးမြို့နယ်တောင်ပိုင်း ဗလဲ့ခပွားတောင်မြေယာကိစ္စနှင့် ပတ်သက်၍ စီမံကိန်းအကောင်ထည်ဖော်ဆောင်ရွက်မှုနှင့် လုပ်ဆောင်ချက်များကို ပြန်လည်စိစစ်ပေးရန်အတွက် ဒေသခံများနှင့် မွန်ဒေသရပ်ရွာ ဖွံ့ဖြိုရေးအဖွဲ့အစည်း MACDO -mon area community development organization MACA က သြဂုတ်လ ၅ ရက်နေ့တွင် မွန်ပြည်နယ်လွှတ်တော်၌ တောင်းဆို တင်ပြခဲ့သည်။

    အဆိုပါ မြေနေရာနှင့် အကြုံးဝင်သည့် မန်ကျီးကျေးရွာ၊ ဓနိကြာနှင့် မွန်ပြည်နယ်တောင်ပိုင်း နယ်စပ်အဆုံးထိ ဧရိယာကို သဘာဝအခြေခံခရီးသွားလုပ်ငန်း Eco Tourism ဇုန်အဖြစ် သမ္မတဦးသိန်းစိန်လက်ထက် မွန်ပြည်နယ်အစိုးရက သတ်မှတ်ထားပြီး ဖြစ်သည်။

    ဗလဲ့ခပွားတောင်အမှီပြုလူမှုစီးပွားရေး သုတေသနစစ်တမ်းကောက်ယူခဲ့ရာတွင် ဒေသခံများ၏ ဝင်ငွေထိခိုက်မှုများ၊ သဘာဝအရင်းအမြစ်များနှင့် ဂေဟစနစ်ပျက်စီးနိုင်မှုများကို အချက်အလက်ပြုစုနိုင်ခဲ့သည်ဟု MACDO ၏ စီမံကိန်းဒါရိုက်တာ မိဖြူက ပြောသည်။

     “တစ်ကယ်လို့သူတို့ ကျောက်ထုတ်လုပ်မယ်ဆိုရင် ပထမဦးဆုံးအဲ့ဒီတောင်က ပြိုသွားမှာပေါ့နော်။ ရွာက မန်ကျည်းရွာဆိုရင် တောင်ခြေရဲ့အောက်မှာ တစ်ကယ်လို့တောင်ကပြိုသွားမယ်ဆိုရင် နောက်ပြီးတော့ အဲ့တောင်မှာသူတို့ခြံစိုက်ထားတယ် အဲ့ခြံကသူတို့အသက်မွေးဝမ်းကျောင်းတစ်ခုပေါ့”ဟု မွန်ဒေသရပ်ရွာ ဖွံ့ဖြိုးရေး အဖွဲ့စည်း (MACDO) တာဝန်ရှိသူ မိဖြူ မှပြောကြားခဲ့သည်။

    အများပိုင်ဖြစ်နေသော ဗလဲ့ခပွားတောင်ရှိ မြေယာများကို မြန်မာရွှေဧကရာဇ် ကုမ္ပဏီ ကျောက်ထုတ်လုပ်ရေးလုပ်ငန်းအတွက် နီးစပ်ရာပုဂ္ဂိုလ်များထံမှ လက်သိပ်ထိုး ဝယ်ယူခဲ့မှုကြောင့် ကျေးရွာနေဒေသခံပြည်သူများမှ အဆိုပါကုမ္ပဏီကို အမြန်ဆုံးထွက်ခွာပေးရန် တောင်းဆိုထားသည်။

    မန်ကျီးကျေးရွာသား နိုင်ဆက်ပိုင်က “ဒီကုမ္ပဏီ ကျတော်တို့ ဒေသကနေပြီး အမြန်ဆုံးထွက်သွားပါ၊ ဘာကြောင့်လဲဆိုတော့ ကျောက်ထုတ်လုပ်မယ်ဆိုရင် အဲဒီတောင်ပျက်စီးသွားမယ် ဒီတောင်က သဘာဝဘေးအန္တရယ် အထူးသဖြင့် လေပြင်းဒဏ်ကို အကာအကွယ်ပေးနိုင်သလို ဒေသခံအသက်မွေးဝမ်းကျောင်းအတွက် စိုက်ပျိုးမြေ၊ ရေချိုအရင်းအမြစ်၊ ရာသီဥတု တည်ငြိမ်မျှတအောင် ထိန်းပေးတယ်”ဟု ဆိုသည်။

    ထို့အတူ ကျေးရွာအုပ်ချုပ်ရေးမှူးနှင့် မြန်မာရွှေဧကရာဇ်ကုမ္ပဏီတို့ပူးပေါင်းပြီး မန်ကျီးကျေးရွာအုပ်စုအတွင်း ရောင်းချခွင့်မရှိသော ကျေးရွာပိုင်မြေများ၊ အထောက်အထားမဲ့ လယ်ယာခြံမြေများတွင် ဝင်ရောက်တိုင်းတာ၍ လက်သိပ်ထိုးရောင်းချမှုများရှိခဲ့ကြောင်း ဒေသခံများက တင်ပြခဲ့သည်။

    မြန်မာရွှေဧကရာဇ် သတ္တုတူးဖော်ရေးကုမ္ပဏီ၏ စီမံကိန်းလုပ်ငန်းနှင့်အကြုံးဝင်သည့် ဓနိကြာစံပြကျေးရွာ တည်ဆောက်ရေး ဒေသခံများ၏ထောက်ခံလက်မှတ်များ ကောက်ခံရာတွင် ကန့်ကွက်ခံခဲ့ရသည်။

    အဆိုပါ ဗလဲ့ခပွားတောင်ကိစ္စနှင့်ပတ်သက်၍ မွန်ပြည်နယ်လွှတ်တော်သို့ တိုင်ကြားစာ သုံးကြိမ်ရောက်ရှိခဲ့ပြီး အစိုးရအဖွဲ့အနေဖြင့် ဆောင်ရွက်သင့်သည့်ကိစ္စများကို ကူညီဆောင်ရွက်ပေးရန် တင်ပြထားကြောင်း မွန်ပြည်နယ်လွှတ်တော် ဒုတိယ ဥက္ကဌ ဒေါက်တာအောင်နိုင်ဦးက ဆိုသည်။

    အဆိုပါ ဗလဲ့ခပွားတောင်တဝိုက်တွင် ခြံမြေပေါင်း၂၅,၁၄၈ ဧက၊ လယ်မြေ ၄၄၇ ဧက ရှိပြီး မကျီးကျေးရွာတွင် အိမ်ခြေ ၂၀၀ ကျော် လူဦးရေ ၉၀၀ ကျော်ရှိကြောင်းသိရသည်။

    Photo-ဗလဲ့ခပွားတောင်မြေယာကိစ္စကို မွန်ပြည်နယ်လွှတ်တော်သို့ တင်ပြစဉ် (MNA)

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts