Friday, March 13, 2026
More
    spot_img
    Home၂၀၂၀ ရွေးကောက်ပွဲစောင့်ကြည့်ရေး၂၀၂၀ ရွေးကောက်ပွဲ သတင်း၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP အတည်ပြု

    ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP အတည်ပြု

    -

    မွန်သတင်းအေဂျင်စီ(ဇူလိုင် ၂၆)

    လာမည့် နိုဝင်ဘာ ၈ ရက်နေ့ ၂၀၂၀ ရွေးကောက်ပွဲတွင် ကိုယ်စားလှယ်လောင်း ၆၂ ဦး ဝင်ရောက်ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း မွန်ညီညွတ်ရေးပါတီ MUP ဗဟိုအလုပ်အမှုဆောင်အဖွဲ့၏ ယနေ့ကျင်းပသောအစည်းအဝေးအပြီးတွင် မွန်သတင်းအေဂျင်စီက အတည်ပြုချက်ရရှိခဲ့သည်။

    မွန်ညီညွတ်ရေးပါတီ၏ လက်ရှိအမျိုးသားလွှတ်တော်ကိုယ်စားလှယ် နိုင်သီဟနှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာအောင်နိုင်ဦးတို့ ယခင်မဲဆန္ဒနယ်မြေတို့တွင် ပြန်လည်အရွေးခံကြမည်ဖြစ်ပြီး ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမင်းစိုးလင်းနှင့် ဒေါက်တာမင်းကြည်ဝင်းတို့မှာ ပြန်လည်ပါဝင်ခြင်း မရှိတော့ပေ။ 

    မွန်ညီညတ်ရေးပါတီအနေဖြင့် မွန်ပြည်နယ် သထုံနှင့် ဘီးလင်း ၂ မြို့နယ်မှလွဲ၍ ကျန် ၈ မြို့နယ်၌ အမျိုးသားလွှတ်တော် ၁၀ နေရာ၊ ပြည်သူ့လွှတ်တော် ၈ နေရာနှင့် ဗမာတိုင်းရင်းသားရေးရာအပါအဝင် ပြည်နယ်လွှတ်တော် ၁၇ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၃၅ ဦးတို့ဖြင့် ပါဝင်ယှဉ်ပြိုင်သွားမည်။

    ကရင်ပြည်နယ် ကော့ကရိတ်၊ ဘားအံနှင့် ကြာအင်းဆိပ်ကြီးမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၄ နေရာ၊ ပြည်သူ့လွှတ်တော် ၂ နေရာနှင့် မွန်တိုင်းရင်းသားရေးရာအပါအဝင် ပြည်နယ်လွှတ်တော် ၆ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၁၂ ဦးယှဉ်ပြိုင်သွားမည်။

    တနင်္သာရီတိုင်းဒေသကြီး မြိတ်နှင့် ရေဖြူမြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၂ နေရာ၊ ပြည်သူ့လွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၃ နေရာအတွက် စုစုပေါင်းကိုယ်စားလှယ်လောင်း ၈ ဦး ပါဝင်သည်။

    ရန်ကုန်တိုင်းဒေသကြီး ဒေါပုံ၊ စမ်းချောင်း၊ တောင်ဥက္ကလာ၊ ရွှေပြည်သာနှင့် ထန်းတစ်ပင်မြို့နယ်တို့တွင် အမျိုးသားလွှတ်တော် ၁ နေရာနှင့် တိုင်းဒေသကြီးလွှတ်တော် ၆ နေရာတို့တွင် စုစုပေါင်းကိုယ်စားလှယ်လောင်း ၇ ဦး ပါဝင်ယှဉ်ပြိုင်သွားမည်ဖြစ်သည်။

    မွန်ညီညွတ်ရေးပါတီအဖြစ် ၂ ပါတီပူးပေါင်းနိုင်ခြင်းမရှိသေးသည့် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင် မွန်အမျိုးသားပါတီ MNP အနေဖြင့် ကိုယ်စားလှယ်လောင်း ၅၃ ဦးဖြင့်လည်းကောင်း၊ မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီ AMDP အနေဖြင့် ကိုယ်စားလှယ်လောင်း ၃၅ ဦးဖြင့်လည်းကောင်း လွှတ်တော် အသီးသီးမှာ ဝင်ရောက် အရွေးချယ်ခံခဲ့ ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks