Tuesday, March 10, 2026
More
    spot_img
    Homeသတင်းဖူးရှင်ရာဘာဒိုင် အလုပ်သမားများကို ကျန်းမားရေးစီမံချက်ပြုလုပ်ရန် ပြည်နယ်လွှတ်တော်အကြံပြု

    ဖူးရှင်ရာဘာဒိုင် အလုပ်သမားများကို ကျန်းမားရေးစီမံချက်ပြုလုပ်ရန် ပြည်နယ်လွှတ်တော်အကြံပြု

    -

    ဖူးရှင်ရာဘာဒိုင် ကုမ္ပဏီစက်ရုံ(MNA)

    မုဒုံမြို့နယ်၊ ဖူးရှင်ရာဘာဒိုင် ကုမ္ပဏီစက်ရုံဝင်းအတွင်း အနံ့ဆိုးများကို နေ့စဉ်ရှုရှိုက်ရသဖြင့် အလုပ်သမားများအတွက် ကျန်းမားရေးစီမံချက် ပြုလုပ်ပေးရန် မွန်ပြည်နယ်လွှတ်တော် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည်ရေးကော်မတီမှ အကြံပြုထားကြောင်း သိရသည်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည်ရေးကော်မတီ ဥက္ကဌ ဒေါက်တာခင်နိုင်ဦးက “စက်ရုံအတွင်းပိုင်းမှာရှိတဲ့ ဝန်ထမ်းတွေရဲ့ ကျန်းမားရေးအတွက် စက်ရုံအနေနဲ့ဘယ်လိုစီမံထားတာရှိလဲပေါ့နော်၊ အထဲမှာက အနံ့အသက်က များတယ်လေ၊ ဒီစက်ရုံမှာလုပ်နေတဲ့ဝန်ထမ်းတွေက အခြားဝန်ထမ်းနဲ့မတူဘူးလေ ကျန်းမားရေးအတွက်ကို ပိုပြီးတော့ ကုမ္ပဏီကနေပြီးတော့ ပိုပြီးတာဝန်ယူရမယ့်အပိုင်းတွေရှိတယ်၊ လူမှုဖူရေးတစ်ခုလုံးတော့ ကျွန်တော်မဆိုလိုဘူး၊ ကျန်းမားရေးစောင့်ရှောက်မှုအပိုင်းကို Special Program တစ်ခုလုပ်ဖို့ အကြံပေးထားတယ်” ဟု ပြောသည်။

    စက်ရုံမှထွက်ရှိလာသည့် အနံ့ဆိုးနှင့် ရေဆိုးကိစ္စကြောင့် သဘာဝ ပတ်ဝန်းကျင်ထိခိုက်မှုအခြေအနေ လေ့လာသုံးသပ်သည့်လုပ်ငန်းစဉ်များပြီးစီးပါက အစီရင်ခံစာထုတ်ဝေသွားမည်ဖြစ်ကြောင်း ဒေါက်တာခင်နိုင်ဦးက ဆက်ပြောသည်။

    သို့ရာတွင် စက်ရုံအလုပ်သမားများအတွက် ကျန်းမားရေးစီမံချက်လုပ်ထားခြင်းမရှိခဲ့သော်လည်း အလုပ်သမားများ၏ ကျန်းမားရေးနှင့်ပတ်သက်ပြီး လူမှုဖူလုံရေးဌာနနှင့် ကျန်းမားရေးစောင့်ရှောက်မှုအပိုင်း ပြုလုပ်ထားပေးကြောင်း ဖူးရှင် ရာဘာဒိုင် မန်နေဂျာ ဦးသူရက ပြောသည်။

    “ဝန်ထမ်းတွေရဲ့ ကျန်းမာရေးစောင့်ရှောက်မှုအပိုင်းကို တစ်နှစ်မှာ ၅ ကြိမ် ၆ ကြိမ်လောက် ကျန်းမားရေးစစ်ဆေးတဲ့ဟာကို မှတ်တမ်းတင်ထားပေးဖို့၊ ဒီမှာက ရောဘာအနံ့ရှိတဲ့အတွက် ဒီအနံ့ကို ရှုရှိုက်ပြီး အလုပ်လုပ်နေရတဲ့အတွက် ဘာရောဂါတွေဖြစ်လာမှာလဲဆိုတဲ့ဟာကို မှတ်တမ်းလေးနဲ့ လုပ်ခိုင်းထားတယ်” ဟု သူက ဆက်ပြောသည်။

    ပြည်နယ်လွှတ်တော်မှ အကြံပြုထားသော ကျန်းမားရေးစောင့်ရှောက်မှုစီမံချက်ကို မှတ်တမ်းရေးဆွဲပြီးသွားပါက ပြည်နယ်အစိုးရအဖွဲ့သို့သော်လည်းကောင်း၊ ပြည်နယ်လွှတ်တော်သို့သော်လည်းကောင်း၊ မြို့နယ်ထွေအုပ်သို့သော်လည်းကောင်း တင်ပြရမည်ဟု ဦးသူရက ဆက်ပြောသည်။

    သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းကာကွယ်စောင့်ကြည်ရေးကော်မတီ ဥက္ကဌနှင့် အဖွဲ့ဝင်များနှင့် မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး စုစုပေါင်း (၂၅) ဦးခန့်တို့က မေလ တတိယအပတ်တွင် မုဒုံမြို့နယ်အတွင်း ဖူးရှင်၊ ရွှေမြန်မာ၊ ဖူလီလိုက်၊ ယူရှင်း၊ ဟိုက်ဝင်း၊ ရာစုနှစ် ရာဘာစက်ရုံများကို သွားရောက်လေ့လာခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,100SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks