spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းဘီးလင်းမြို့နယ် ယထက(ယာယီ)ကော်မတီကို ဖျက်သိမ်းပေးမည်ဟု ဝန်ကြီးဆို

    ဘီးလင်းမြို့နယ် ယထက(ယာယီ)ကော်မတီကို ဖျက်သိမ်းပေးမည်ဟု ဝန်ကြီးဆို

    -

    ဘီးလင်းမြို့နယ် မော်တော်ယဉ်လုပ်ငန်း ထိန်းသိန်းကြီးကြပ်ရေးကော်မတီ- ယထက(ယာယီ) ကို ဖျက်သိမ်းပေးမည်ဟု မွန်ပြည်နယ်အစိုးရ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးက ဒီဇင်ဘာ ၆ ရက်နေ့ မွန်ပြည်နယ် လွှတ်တော်အစည်းအဝေးတွင် ပြောသည်။

    ၂၀၁၂ ခုနှစ်တွင်ပြဋ္ဌာန်းခဲ့သော မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေနှင့် မကိုက်ညီသည့် သူများနှင့် ဖွဲ့စည်းထားသော ယထက (ယာယီ) ကော်မတီကို ပြည်နယ်အစိုးရက မှားယွင်းစွာ အတည်ပြုပေးခဲ့၍ ယင်းကော်မတီကို ပြန်လည်ဖျက်သိမ်းပေးရန် ရှိမရှိ ဘီးလင်းမြို့နယ် မဲဆန္ဒနယ်အမှတ် (၁) မှ ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဒေါက်တာခင်နိုင်ဦး မေးခွန်းမေးမြန်းသည့်အပေါ် ဝန်ကြီး ဦးထွန်းဋ္ဌေးက ပြန်လည်ဖြေကြားခြင်း ဖြစ်သည်။

    ဦးထွန်းဋ္ဌေးက “လက်ရှိ သက်ဆိုင်ရာ ဘီးလင်းမြို့နယ် ယထက ကော်မတီ ကြီးကြပ်ရေး ဥက္ကဋ္ဌ ဖြစ်တဲ့ မြို့နယ်အုပ်ချုပ်ရေးမှူးကနေပြီးတော့ ကော်မတီရွေးချယ်ချင်တဲ့ ၇ ယောက် တင်ပြလာတာရှိတယ် ဒါကြောင့် လက်ရှိ ယာယီကော်မတီကိုတော့ ပြန်လည်ဖျက်သိမ်းရမှာပါ” ဟု ပြောသည်။

    အဆိုပါ ယထက (ယာယီ) ကော်မတီ၏ ဥက္ကဋ္ဌ သည် အသက် (၇၀) ကျော်နေခြင်း၊ ကော်မတီ၏ အတွင်းရေးမှူးဖြစ်သူသည် ယာဉ်လုပ်ငန်းမရှိခြင်း၊ တွဲဖက်အတွင်းရေးမှူးသည်လည်း ယာဉ်လုပ်ငန်းလိုင်စင်မရှိသူဖြစ်နေခြင်းကြောင့် မွန်ပြည်နယ်အတွင်း ပုဂ္ဂလိကယာဉ်များ စနစ်တကျပြေးဆွဲရေးဥပဒေနှင့် နည်းဥပဒေပုဒ်မ ၁၆ (က) နှင့် (င) တို့နှင့် ကိုက်ညီမှုမရှိကြောင်း သိရသည်။

    ယင်းယထက (ယာယီ) ကော်မတီကို ၂၀၁၇ စက်တင်ဘာလ (၁၄) ရက်နေ့ နေ့စွဲပါအမိန့်စာဖြင့် ခေတ္တကော်မတီမှ မြို့နယ် (ယထက) ကော်မတီအဖြစ် မွန်ပြည်နယ် အစိုးရအဖွဲ့ စိုက်ပျိုးမွေးမြူရေးနှင့်ပို့ဆောင်ဆက်သွယ်ရေးဝန်ကြီး ဦးထွန်းဋ္ဌေးမှ အတည်ပြုပေးခဲ့ကြောင်း သိရသည်။

    ဒေါက်တာခင်နိုင်ဦးက “ အခုအတည်ပြုပေးခဲ့တဲ့ ယာယီကော်မတီမှာပါနေတဲ့ သူအားလုံးဟာ ဥပဒေရဲ့ အရည်အချင်းသက်မှတ်ချက်နဲ့ တစ်ယောက်မှ ကိုက်ညီမှုမရှိနေဘူး၊ ဒါဟာ စီမံခန့်ခွဲမှု လွှဲနေတယ်” ဟု ပြောသည်။

    ယထက (ယာယီ) ကော်မတီကို စိစစ်ပေးပါရန် တင်ပြလာသောယာဉ်ပိုင်ရှင်များကို ပစ်မှတ်ထားကာ ဂိတ်ပိတ်ခြင်း၊ လိုင်းမှ ထုတ်ပယ်ခြင်း၊ စသော သတိပေးစာများကို လမ်းဘေးလျှပ်စစ်မီးတိုင်များတွင် ကပ်ထားခြင်း များ ပြုလုပ်ကြောင်း၊ ၎င်းကိစ္စများနှင့် စပ်လျဉ်းပြီး (၂၉-၈-၂၀၁၇) ရက်စွဲပါစာဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မှု၍ ယာဉ်ပိုင်ရှင် (၄၁) ဦးက ဘီးလင်းမြို့နယ် (ယထက) ကော်မတီကို ပြန်လည်စိစစ်ပေးပါရန် တင်ပြခဲ့ကြောင်း၊ ထို့အပြင် (၁၃-၁၁-၂၀၁၇) ရက်စွဲပါစာဖြင့် မြို့နယ်အုပ်ချုပ်ရေးမှူးထံ လိပ်မူ၍ မြို့နယ် (ယထက) ကော်မတီ၏ လုပ်ပိုင်ခွင့်များကို ဆိုင်းငံ့ ထားပေးရန် ယာဉ်ပိုင်ရှင် (၆၀) ကျော်က လက်မှတ်ရေးထိုး တင်ပြခဲ့ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts