spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းခွန်တန်၏အပေါင်းအပါ ၅ ဦးဖမ်းဆီးထိန်းသိမ်း၊ အုပ်ချုပ်ရေးမှူးကိုအရေးယူရန် တိုင်ကြားထား

    ခွန်တန်၏အပေါင်းအပါ ၅ ဦးဖမ်းဆီးထိန်းသိမ်း၊ အုပ်ချုပ်ရေးမှူးကိုအရေးယူရန် တိုင်ကြားထား

    -

    မွန်ပြည်နယ်၊ သထုံမြို့နယ်ရှိ အလံတရာသာသနာ့နယ်မြေတွင် မိန်းကလေးငယ်များထံမှ ကာမလိမ်လည်ရယူခဲ့သော ခွန်တန်(ခေါ်) ဇာတ်လိုက်၏ အပေါင်းအပါ (၅) ဦးကို သထုံမြို့အချုပ်၌ ဖမ်းဆီးထိန်းသိမ်းထားပြီး အလံတရာအုပ်ချုပ်ရေးမှူးကိုလည်း အရေးယူပေးရန် သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဦးစီးဌာနနှင့် မွန်ပြည်နယ်အစိုးရရုံးထံ တိုင်ကြားထားကြောင်း သတင်းရရှိသည်။

    မွန်ပြည်နယ်၊ အမျိုးသမီးနှင့်ကလေးသူငယ်အခွင့်အရေးဆိုင်ရာကော်မတီ ဥက္ကဌဒေါ်ခိုင်ခိုင်လဲ့က “ပြည်သူတွေက အရင်ကတည်းက တိုင်တန်းခဲ့တယ်လို့ ပြောတယ်။ တိုင်တန်းတဲ့ဟာ အရာမထင်ခဲ့ဘူးလို့လည်း ပြောတယ်။ ဒါကတော့ ပြည်သူတွေပဲ ပိုပြီးတော့ သိပါလိမ့်မယ်။ အလံတရာအုပ်ချုပ်ရေးမှူးကို သက်ဆိုင်ရာအထွေထွေအုပ်ချုပ်ရေးမှူးဆီ တိုင်ထားပါတယ်။ အစိုးရရုံးကိုလည်းတိုင်ထားပါတယ်”ဟု ပြောသည်။

    ခွန်တန်(ခေါ်) ဇာတ်လိုက်(Facebook)
    လတ်တလောတွင် ခွန်တန်(ခ) ဇာတ်လိုက်နှင့်ပတ်သက်ပြီး တိုင်ကြားစာ (၂) စောင်လက်ခံရရှိထားပြီး အလံတရာနယ်မြေကို ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်မည်ဖြစ်ကြောင်း ဆိုသည်။

    မွန်ပြည်နယ်၊ တိုင်ကြားစာ၊ အသနားခံစာနှင့် အထွေထွေကိစ္စရပ်များ လေ့လာသုံးသပ်ရေးကော်မတီ ဥက္ကဌ ဦးအောင်ကျော်သူက “ပြီးခဲ့တဲ့ တစ်ပတ်လောက်က တိုင်ကြားစာ ရောက်ထားပါတယ်။ ကျွန်တော်တို့ ကွင်းဆင်းစစ်ဆေးဖို့ ဆိုပြီးတော့ အစည်းအဝေးဆုံးဖြတ်ချက် လုပ်ထားတယ်။ ကောင်မလေးရဲ့မိဘတွေကိုယ်တိုင်က တိုင်တာပါ။ လာမယ့် အပတ်ဆိုရင် (အလံတရာကို) ကွင်းဆင်းစစ်ဆေးဖို့ရှိပါတယ်။
    ကျွန်တော်တို့ရဲ့တွေ့ရှိချက်တွေ၊ သုံးသပ်ချက်တွေကို လွှတ်တော်ဥက္ကဌဆီ ပြန်တင်ပါတယ်” ဟု ပြောသည်။

    ယခင်က အကြောက်တရားများလွှမ်းမိုးနေပြီး ယခုအချိန်မှသာ ပွင့်ပွင့်လင်းလင်းပြောဆို တိုင်ကြားနိုင်လာသည့်အတွက် တိုင်ကြားစာများရောက်ရှိလာခဲ့ခြင်းဖြစ်ကြောင်း ဦးအောင်ကျော်သူက ဆက်လက်ရှင်းပြသည်။

    ဘာသာရေးဗန်းပြပြီး ရိုးသားသောပအိုဝ့်တိုင်းရင်းသူ မိန်းကလေးများအား ဖျက်ဆီးနေမှု၊ အလိုမတူဘဲ သားမယားပြုကျင့်မှုတို့ဖြင့် အရေးယူပေးရန်ပါရှိကြောင်း အဆိုပါ တိုင်ကြားစာကော်မတီမှ သိရသည်။

    အဆိုပါ ခွန်တန်(ခ) ဇာတ်လိုက် ဆိုသူမှာ ယခုအခါရှမ်းပြည်နယ်ဘက်ထွက်ပြေးနေကြောင်း၊ ၄င်းကိုဖမ်းဆီးရမိပါက မုဒိန်းမှုဖြင့် ကနဦးတရားစွဲဆိုသွားမှာဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာ အမျိုးသမီးများစွမ်းရည်မြှင့်တင်ရေးရှေ့ဆောင်အဖွဲ့မှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts