spot_img
Friday, January 16, 2026
More
    spot_img
    Homeသတင်းမွန်ပြည်နယ်အတွင်း အစားအသောက်များ ခွင့်မပြုဆိုးဆေးရှိမရှိစစ်ဆေး

    မွန်ပြည်နယ်အတွင်း အစားအသောက်များ ခွင့်မပြုဆိုးဆေးရှိမရှိစစ်ဆေး

    -

    မွန်ပြည်နယ်ဈေးကွက်အတွင်း ရောင်းချနေသည့် အစားအသောက် အမျိုးအစား ၇၀ မျိုးခန့်ကို ခွင့်မပြုဆိုးဆေး ပါဝင်မှုရှိ မရှိ စစ်ဆေးမှုများပြုလုပ်လျက်ရှိသည်ဟု ပြည်နယ်အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူးက ပြောသည်။

    ဈေးကွက်အတွင်း သံသယရှိသည့် ငရုပ်သီးမှုန့်၊ ငရုပ်ဆီ၊ အချိုရည်၊ ငါးပိ၊ ယိုစုံ၊ လက်ဖက်၊ မက်မန်းသီး၊ သကြားလုံးများ အစရှိသည့် အစားအသောက် အမျိုးအစား ၇၀ ခန့်ကို ခွင့်မပြုဆိုးဆေး ပါဝင်ခြင်းမရှိ မရှိ စစ်ဆေးမှု ပြုလုပ်လျက်ရှိသည်။

    ဆေးဆိုင်များ စပ်ဆေးရောင်းချက်မှု ကွင်းဆင်းစစ်ဆေးစဉ်(MNA)

    မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါက်တာဖြူဖြူခင်က “စစ်ဆေးမှုပြုပြီးတဲ့ အမျိုးအစားတွေကို သက်ဆိုင်ရာမြို့နယ် အစားအသောက်နှင့် ဆေးဝါး ကြီးကြပ်ကွက်ကဲရေးကော်မတီကို ပို့ထားတယ်၊ အကြောင်းပြန်ကြားထားတဲ့ အစားအသောက်တွေက အခုချိန်ထိ ခွင့်မပြုဆိုးဆေးပါတာမရှိဘူး” ဟု ပြောသည်။

    လက်ရှိတွင် အစားအသောက် အမျိုးအစား ၃၀ ခန့်၏အဖြေကို ရရှိထားပြီးဖြစ်ကြောင်း ကျန်ရှိနေသေးသည့် အစားအသောက် အမျိုးအစားများကိုလည်း စစ်ဆေးမှု ဆက်လက်လုပ်ဆောင်လျက်ရှိကြောင်း ၄င်းက ဆက်ပြောသည်။

    ပြည်နယ်အတွင်းရှိ ဈေးကွက်များတွင် ရောင်းချနေသည့် အစားအသောက်များကို တစ်ပတ်တစ်ခါ ပုံမှန်စစ်ဆေးမှု ပြုလုပ်နေသည်ဟု ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

    ၄င်းပြင် မြို့နယ်အသီးသီးရှိ ဆေးဆိုင်များ၊ အလှကုန်ပစ္စည်းအရာင်းဆိုင်များကိုလည်း ကွင်းဆင်းစစ်ဆေးမှုများ ပြုလုပ်လျက်ရှိကြောင်း ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကွပ်ကဲရေးဦးစီးဌာနမှ သိရသည်။

    ပြည်နယ် အစားအသောက်နဲ့ ဆေးဝါးကြီးကြပ်ရေး ကော်မတီ ဥက္ကဌ ဒေါက်တာစိုးနိုင်က ကွင်းဆင်းစစ်ဆေးမှုနှင့်အတူ အသိပညာပေးခြင်းလုပ်ငန်းတို့ကိုလည်း ပူးတွဲဆောင်ရွက်နေသည်ဟု ပြောသည်။

    ၂၀၁၇ ခုနှစ်စကလည်း မွန်ပြည်နယ် ၁၀ မြို့နယ်ရှိ ဈေးကွက်များအတွင်း ရောင်းချနေသည့် ငရုပ်သီးမှုန့်အပါအဝင် အစားအသောက်ကို အဆိပ်တောက်ဖြစ်စေသည့် မှိုများပါဝင်သည့် အလှော်နှင့် အထောင်းမှုန့်များကို သက်ဆိုင်ရာမြို့နယ်အဖွဲ့တို့က စစ်ဆေးပြုလုပ်ခဲ့ရာ စားသုံးရန်မသင့်သော ငရုပ်သီးမှုန့် အမှတ်တံဆိပ် ၅ မျိုးကို သိမ်းဆည်းရမိခဲ့သည်ဟု မွန်ပြည်နယ် အစားအသောက်နှင့် ဆေးဝါးကြီးကြပ်ကွပ်ကဲရေးဦးစီးဌာနထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts