spot_img
Saturday, September 13, 2025
More
    spot_img
    Homeသတင်းသတ်မှတ်ထားသည်ထက် ပါတီဝင်များနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပြော

    သတ်မှတ်ထားသည်ထက် ပါတီဝင်များနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပြော

    -

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီဥက္ကဌ နိုင်ငွေသိန်း ၂၃-၈-၂၀၀၉ မွန်မှုသုတေသနစာတမ်းဖတ်ပွဲမှာ သဘာပတိဖြစ်ခဲ့စဉ်

    မိကျလွန်းထော

    ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ပါတီဝင်အရေအတွက်ထက် ပါတီဝင်ဦးရေ ပိုများနိုင်ကြောင်း မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီမှ ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မှတ်ပုံတင်ခွင့်ပြုချက်ရရှိပြီးသော နိုင်ငံရေးပါတီများအားလုံးသည် ရွေးကောက်ပွဲကော်မရှင်မှ သတ်မှတ်ထားသည့် ရက် ၉၀ အတွင်း ပါတီဝင်အင်အားအနည်းဆုံး ၁၀၀၀ ဦး စည်းရုံးရမည်ဖြစ်ကြောင်း မေလ ၂၉ ရက်နေ့ထုတ် မြန်မာ့အလင်းသတင်စာတွင် ၄င်းကော်မရှင်က သတိပေး ကြေငြာချက် ထုတ်ပြန်ထားသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မေလ ၂၅ ရက်နေ့တွင် မှတ်ပုံတင်အမှတ် ၁၃ ဖြင့် ပါတီမှတ်ပုံတင် ခွင့်ပြုချက်ရရှိပြီး မေလ ၂၇ ရက်နေ့နှင့် ၂၈ ရက်နေ့တွင် မွန်ပြည်နယ် ရေးမြို့နှင့် လမိုင်းမြို့ဘက်တွင် စည်းရုံးရေးခရီးစတင်ခဲ့သည်။

    “သတ်မှတ်ရက်အတွင်း ပါတီဝင် အယောက် ၁၀၀၀ ရဖို့ဆိုတာ ကျနော်တို့ပါတီအတွက် အခက်အခဲမရှိပါဘူး၊ တစ်ပတ်ထဲနဲ့တောင် ပြည့်နိုင်ပါတယ်၊ ပါတီကို သိတဲ့လူတွေလည်း များတယ်၊ ဘုန်းကြီးတွေလည်း စိတ်ဝင်စားကြတယ်ဆိုတော့ စည်းရုံးရေးဆင်းရတာ လွယ်ကူပါတယ်၊ ရွေးကောက်ပွဲဝင်မယ့် မွန်ပါတီဆိုလို့ တစ်ပါတီပဲရှိတဲ့အတွက် အများစုက စိတ်ဝင်စားကြတယ်” ဟု ဥက္ကဌ နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီ ကော်မတီဝင် ၁၅ ဦးတို့မှ မြို့နယ်အလိုက် စည်းရုံးရေးဆင်းရာမှာ တစ်မြို့နယ်လျှင် ပါတီဝင် မည်မျှစည်းရုံးရမည်ကို ယမန်နေ့က ပြုလုပ်သော အစည်းအဝေးတွင် တာဝန်ခွဲဝေးပေးထားပြီးဖြစ်သည်။

    မွန်အမျိုးသားထုတစ်ရပ်လုံးနှင့် မွန်ဒေသတွင်းရှိ တိုင်းရင်းသားပြည်သူများအားလုံး အခြားတိုင်းရင်းသားများနည်းတူ တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့်နှင့် ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးရေးရရှိရန်အတွက် ကိုယ်စားပြုကာ ရွေးကောက်ပွဲဝင်မည်ဟု နိုင်ငွေသိန်းက ပြောသည်။

    “ကျနော်တို့ စည်းရုံးရေးဆင်းရာမှာ စည်းရုံးဖို့သက်သက်မဟုတ်ဘူး၊ ဘယ်လိုပုံစံနဲ့ မဲထည့်ရမှာကိုလည်း ပြည်သူတွေကို ပြောပြသွားမှာ ဖြစ်တယ်” ဟု နိုင်ငွေသိန်းက ပြောသည်။

    မွန်ဒေသလုံးဆိုင်ရာ ဒီမိုကရေစီပါတီသည် မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ပဲခူးတိုင်းနှင့် တနင်္သာရီတိုင်းတို့တွင် ကိုယ်စားပြု အရွေးခံမည် ဖြစ်သည်။ ၄င်းပါတီသည် ၂၀၁၀ ခုနှစ် ဧပြီလ ၇ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့သည်။

    မြန်မာစစ်အစိုးရက ရွေးကောက်ပွဲဆိုင်ရာ ဥပဒေများကို ထုတ်ပြန်ခဲ့သော်လည်း ရွေးကောက်ပွဲကျင်းပမည့် နေ့ရက်ကိုမူ ထုတ်ပြန်ကြေညာခြင်း မရှိသေးပေ။

    ဆက်စပ်သတင်း

    1 COMMENT

    Comments are closed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    36,800SubscribersSubscribe
    spot_img

    Latest posts