spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ

    ရေးတောင်ပိုင်း အလွန်၊ အဆောင်းဓါးပြအဖွဲ့ တပ်မတော်ထံ အလင်းဝင်ရန်စီစဉ်နေ

    -

    မွန်ပြည်နယ်၊ ရေးမြို့နယ်တောင်ပိုင်းဒေသတစ်ဝိုက်တွင် လှုပ်ရှားလှျက်ရှိသည့် အလွန်နှင့် အဆောင်း ညီအကိုနှစ်ယောက်ခေါင်းဆောင်သည့် လက်နက်ကိုင်ဓါးပြအဖွဲ့သည် လာမည့်ရက်ပိုင်းများအတွင်း တပ်မတော်ထံ အလင်းဝင်ရန် စီစဉ်နေသည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    အလွန်၊ အဆောင်းဓါးပြအဖွဲ့ကို မော်တော်ကားဖြင့် ကြိုခဲ့စဉ်- (Janu Mon)
    အလွန်၊ အဆောင်းဓါးပြအဖွဲ့ကို မော်တော်ကားဖြင့် ကြိုခဲ့စဉ်- (Janu Mon)

    ဇွန် ၂၃ ရက်က ရေးမြို့အခြေစိုက် တပ်မတော်စစ်ဆင်ရေးကွပ်ကဲမှု-စကခ ၁၉ မှ ရေးမြို့နယ်တောင်ပိုင်း ဟံဂံရွာအဝင်၊ ကျိုက်ဒေးမန်ကလော့ဘုရားလမ်းတွင် အလွန်နှင့် အဆောင်း ခေါင်းဆောင်သော ၁၅ ဦးခန့်ရှိသည့် အဖွဲ့ဝင်များအား မော်တော်ကားဖြင့် သွားရောက်ကြိုဆိုခဲ့သည်ဟု ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှုး က ပြောသည်။

    ဟံဂံကျေးရွာ အုပ်ချုပ်ရေးမှုး နိုင်အင်က “ဒီနေ့မနက်ကပဲ တပ်မက ကား ၆ စီးလောက် ရွာကို ရှစ်နာရီခွဲဝန်းကျင် ရောက်လာပြီးတော့ ကျနော်နဲ့ ပြည်သူစစ်ခေါင်းဆောင်ကို ခေါ်ပြီး အလွန်နဲ့ အဆောင်း ညီအကိုအဖွဲ့ကို ရွာအပြင်မှာ သွားရောက် ကြိုခဲ့တယ်” ဟု မွန်သတင်းအေဂျင်စီသို့ ပြောသည်။

    လက်နက်အပ်နှံပွဲကို မကြာမီရက်ပိုင်းအတွင်း ပြုလုပ်ရန်ရှိပြီး ရက်အတိအကျမသိရှိကြောင်း၊ စကခ (၁၉) ဌာနချုပ်အတွင်းသာ ပြုလုပ်မည်ဟု ယူဆကြောင်း နိုင်အင်က ဆက်ပြောသည်။

    အသက် ၆၁ နှစ်ရှိ ရေးတောင်ပိုင်းဒေသခံတဦးက “ကျနော်တစ်သက်တာ ဒီဒေသမှာ သေနတ်သံ ပျောက်သွားခဲ့တာ မရှိဘူး။ အခုတော့ တိတ်ဆိတ်ပျောက်ကွယ်သွားနိုင်မယ်လို့ မှျော်လင့်နေတယ်” ဟု ဆိုသည်။

    ရေးမြို့နယ်နှင့် ရေဖြူမြို့နယ်များတွင် လှုပ်ရှားခဲ့သော လက်နက်ကိုင်ဓါးပြအဖွဲ့များသည် ယခင်က ပြန်ပေးဆွဲ၊ ဆက်ကြေးကောက် ငွေတောင်းခံခဲ့ကြပြီး လက်နက်ချပြီးသောအခါ ၄င်းအဖွဲ့ရပ်တည်ရေးအတွက် မည်ကဲ့သို့ဆောင်ရွက်ကြမည်ကို စောင့်ကြည့်ရန်လိုကြောင်း ၎င်းက ဆက်ပြောသည်။

    အလွန်နှင့် အဆောင်း ညီအကိုနှစ်ဦးအပါအဝင် ၁၅ ဦးခန့်ရှိသည့်အဖွဲ့ထဲတွင် ၂၀၁၄ ခုနှစ်က လက်နက်ချ အလင်းဝင်ထားသည့် နိုင်အဗင်း၏အစ်ကိုယ်ဖြစ်သူ နိုင်ဟလိန်း (အလှိင်) လည်း ပါဝင်သည်ဟု ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။

    အလားတူ ပြီးခဲ့သည့် မေလ ၆ ရက်နေ့ကလည်း မွန်ပြည်နယ် ရေးမြို့နယ်တောင်ပိုင်းနှင့် တနင်္သာရီတိုင်းဒေသကြီး ရေဖြူမြို့နယ်ဒေသများတွင် လှုပ်ရှားခဲ့သော မွန်ချမ်းဦးစီးသည့် ဓါးပြအဖွဲ့မှ အင်အား ၁၈ ဦး၊ လက်နက် ၁၂ လက်ဖြင့် တပ်မတော်တပ်ရင်း ခမရ ၂၈၀ ထံ လက်နက်ချ အလင်းဝင်ခဲ့ပြီး ဖြစ်သည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts