spot_img
Saturday, January 17, 2026
More
    spot_img
    Homeသတင်းNCA လက်မှတ်ရေးထိုးသောလက်နက်ကိုင် ၈ ဖွဲ့ ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဟုဆို

    NCA လက်မှတ်ရေးထိုးသောလက်နက်ကိုင် ၈ ဖွဲ့ ထိပ်သီးအစည်းအဝေး ပြုလုပ်မည်ဟုဆို

    -

    အစိုးရသစ်နှင့်ပြည်တွင်း ငြိမ်းချမ်းရေးကိစ္စရပ်များ ဆွေးနွေးနိုင်ရေး တစ်နိုင်ငံလုံးပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေး သဘောတူစာချုပ်(NCA)လက်မှတ်ရေးထိုးထားသော တိုင်းရင်းသား လက်နက်ကိုင်(၈)ဖွဲ့ ထိပ်သီး အစည်းအဝေးတစ်ရပ်ကို ယခုလအတွင်း ပြုလုပ်သွားမည်ဖြစ်ကြောင်း သတင်းရရှိသည်။

    မြန်မာ့ ငြိမ်းချမ်းရေးစင်တာ(MPC)မှ ဦးညိုအုန်းမြင့်က “သူတို့ နောက်တက်လာမယ့် အစိုးရနဲ့ညိှနှုိင်းဆောင်ရွက်နိုင်ဖို့အတွက် အရင်ဆုံး လက်မှတ်ထိုးထားတဲ့ ၈ ဖွဲ့က ခေါင်းဆောင်တွေ ထိပ်သီး အစည်းအဝေး တစ်ခုလုပ်ဖို့ စီစဉ်နေကြတာပါ။ အသေချာတော့ မသိရသေးဘူး။ လောလောဆယ်တော့ ညိှနှုိင်းနေဆဲပဲလို့ သိရတယ်။ ရက်ကို အကြမ်းဖျင်းပဲ သတ်မှတ်ထားသေးတယ်”ဟု ပြောသည်။

    အဆိုပါ ၈ ဖွဲ့၏ ထိပ်သီး အစည်းအဝေးကို ရန်ကုန်မြို့ရှိ မြန်မာ့ငြိမ်းချမ်းရေးစင်တာ(MPC) ၌ မတ် ၂၅ ရက် သို့မဟုတ် ၂၆ ရက်နေ့တွင် ပြုလုပ်သွားရန် အကြမ်းဖျင်း ရက်သတ်မှတ်ထားကြောင်း ၎င်းကဆိုသည်။

    သမ္မတဦးသိန်းစိန် အစိုးရသည် ၂၀၁၆ ခုနှစ်၊ မတ် ၃၀ ရက်နေ့တွင် အစိုးရသက်တမ်း ကုန်ဆုံးမည်ဖြစ်ပြီး အစိုးရသစ်သို့ နိုင်ငံတော်အကြီးအကဲတာဝန်များကို လွှဲပြောင်းပေးအပ်ရမည်ဖြစ်ရာ NCA လက်မှတ် ရေးထိုးထားသော လက်နက်ကိုင်အဖွဲ့များသည် အစိုးရသစ်နှင့်NCA သဘောတူညီချက်များကို လက်တွဲ အကောင်အထည်ဖော်ဆောင်ရွက်ရမည်ဖြစ်သည့်အတွက် အစိုးရသစ်နှင့်မတွေ့ဆုံကြမီ ၎င်းတို့ ၈ ဖွဲ့က ထိပ်သီး အစည်းအဝေးတစ်ရပ်ကို ကျင်းပရန် စီစဉ်နေခြင်း ဖြစ်သည်။

    ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO) နာယကဖြစ်သူ ဦးခွန်ဥက္ကာက “လက်မှတ်ထိုးထားတဲ့ အဖွဲ့ ၈ ဖွဲ့ထဲက တစ်ဖွဲ့နဲ့ တပ်ပေါင်းစုထဲမှာ ပါဝင်နေတဲ့ အဖွဲ့တစ်ဖွဲ့က နယ်မြေအငြင်း ပွားရာကနေ ပဋိပက္ခတွေဖြစ်လာတယ်။ ဒီလို ကိစ္စရပ်တွေကို ဝိုင်းဝန်းဖြေရှင်းဖို့ ကျွန်တော်တို့ ထိပ်သီး အစည်းအဝေးမှာ ဆွေးနွေးရမယ့် အချက်တစ်ခုဖြစ်တယ်။ ပြီးတော့ အစိုးရသစ်နဲ့ NCA ကိုအကောင်အထည်ဖော်နိုင်ဖို့ ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကိုလည်း ဆွေးနွေးသွားဖို့ရှိတယ်။ ဘဝတူ ညီနောင်အဖွဲ့အစည်း တွေကိုလည်း ဒီထဲမှာ ပါဝင်လာအောင် ဘယ်လို ပူးပေါင်း ဆောင်ရွက်ကြမလဲဆိုတာကိုလည်း ဆွေးနွေးမယ်” ဟု ပြောသည်။

    လာမည့် အစိုးရသစ်ကို ၂၀၁၅ ရွေးကောက်ပွဲအနိုင်ရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ဦးဆောင် ဖွဲ့စည်းသွား မည်ဖြစ်ပြီး ပြည်တွင်း ငြိမ်းချမ်းရေးကို NLD ပါတီဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်မှ ဦးဆောင် ဖြေရှင်းဆောင် ရွက်သွားမည်ဖြစ်ကြောင်း NLD ပါတီ ထိပ်ပိုင်းခေါင်းဆောင်များက ပြောဆိုထားသည်။

    ဦးသိန်းစိန် အစိုးရမှ NCA လက်မှတ်ရေးထိုးရန် ဖိတ်ခေါ်ထားသည့် လက်နက်ကိုင် ၁၅ ဖွဲ့ အနက် ၈ ဖွဲ့သာ ပါဝင် လက်မှတ်ရေးထိုးထားပြီး KIO၊ KNPP၊ NMSP၊ SSPP၊ UWSA၊ NDAA၊ NSCN-K တို့မှာ ပါဝင်လက်မှတ်ရေးထိုး ခြင်း မရှိသေးပေ။

    NCA လက်မှတ်ရေးထိုးခြင်းအမှတ်တရ(Internet)
    NCA လက်မှတ်ရေးထိုးခြင်းအမှတ်တရ(Internet)

    TNLA၊ MNDAA၊ AA၊ WNO၊ LDU၊ ANC တို့ကို အစိုးရက NCA တွင် ပါဝင် လက်မှတ်ရေးထိုးခွင့်မပြုခြင်းကြောင့် KIO၊ KNPP၊ NMSP၊ SSPP တို့သည် လက်မှတ်မရေးထိုးဖြစ်သေးဘဲ ကျန်နေသည့် အဖွဲ့အစည်းများဖြစ်သည်။

    ဒီမိုကရေစီအကျိုးပြုကရင်တပ်မတော်(DKBA)၊ ကရင်အမျိုးသားအစည်းအရုံး(KNU)၊ ကရင်အမျိုးသားအစည်းအရုံး/ကရင်အမျိုးသားတပ်မတော်-ငြိမ်းချမ်းရေးကောင်စီ(KNU/KNLA-PC)၊ ရှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ(RCSS)၊ ချင်းအမျိုးသားတပ်ဦး(CNF)၊ ပအိုဝ်အမျိုးသားလွတ်မြောက်ရေးအဖွဲ့(PNLO)၊ ရခိုင်ပြည်နယ် လွတ်မြောက်ရေးပါတီ(ALP)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး(ABSDF)စသည့် လက်နက်ကိုင် ၈ ဖွဲ့သည် ၂၀၁၅ ခုနှစ်၊ အောက်တိုဘာ ၁၅ ရက်နေ့က ဦးသိန်းစိန်အစိုးရ နှင့် NCA လက်မှတ်ရေးထိုးခဲ့ကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts