Sunday, March 15, 2026
More
    spot_img
    Homeသတင်းကျိုက်မရောမြို့နယ် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးစွမ်းအင်သုံးမည်ကို ဒေသခံများစိုးရိမ်နေ

    ကျိုက်မရောမြို့နယ် MCL ဘိလပ်မြေစက်ရုံ ကျောက်မီးသွေးစွမ်းအင်သုံးမည်ကို ဒေသခံများစိုးရိမ်နေ

    -

    MCL ဘိလပ်မြေစက်ရုံသွားလမ်း (GS)
    MCL ဘိလပ်မြေစက်ရုံသွားလမ်း (GS)
    ပြီးခဲ့သည့် ဒီဇင်ဘာလကတည်းက ဒေသခံပြည်သူများအကြား ကျောက်မီးသွေး စွမ်းအင်သုံးစွဲမည်ဟု သတင်းပြန့်နှံ့နေသဖြင့် ဆိုးကျိုးအန္တရာယ်များကို ဒေသခံများ စိုးရိမ်နေကြကြောင်း ပြောဆိုနေသည်။

    “ကျောက်မီးသွေး စွမ်းအင်သုံးစွဲမယ့်သတင်းကို အရင်က မကြားမိခဲ့ဘူးပါ။ အခု အဲဒီသတင်း ထွက်ပေါ်လာတော့ ဒေသခံတွေကြာက်နေကြတယ်၊ ကျောက်မီးသွေးစွမ်းအင်နဲ့ မထုတ်လုပ်စေချင်ဘူးပေါ့” ဟု ကော့ဒွန်းရွာနေ မိနီနီအောင်က ဆိုသည်။

    သို့သော် ကျောက်မီးသွေးစွမ်းအင်သုံး/မသုံးကို စက်ရုံကုမ္ပဏီမှ ရှင်းလင်းပြောဆိုထားခြင်းမရှိသေးကြောင်း စက်ရုံဝန်းကျင်ကျေးရွာနေ အုပ်ချုပ်ရေးမှူး တစ်ဦးက ဆိုသည်။

    ၎င်းဘိလပ်မြေစက်ရုံသည် ၂၀၁၃ ခုနှစ်၊ မေလ ၇ ရက်နေ့က မြန်မာ့ရင်းနှီး မြုပ်နှံရေးကော်မရှင်မှ ခွင့်ပြုချက်ရရှိခဲ့သည့်စီမံကိန်းဖြစ်ပြီး လျှပ်စစ်စွမ်းအင် ရရှိရန်အတွက် မိမိအစီအစဉ်နှင့် သို့မဟုတ် လျှပ်စစ်မီးဖြန့်ချိရေးနှင့် ညှိနှိုင်းပြီး အကောင်အထည် ဖေါ်ဆောင်သွားမည်ဟု မွန်ပြည်နယ် အစိုးရမှ သိရသည်။

    “ခွင့်ပြုချက်ရတယ်ဆိုတာ ဘယ်ကနေ ဘယ်လိုရခဲ့သလဲဆိုတာ ကျနော်တို့ မသိဘူး၊ စက်ရုံ လည်ပတ်ဖို့အတွက် လျှပ်စစ်စွမ်းအင် ဘယ်ကနေ လာမလဲ၊ ကျနော်တို့ သိထားတာက ကျောက်မီးသွေး စွမ်းအင်သုံးစွဲမယ်ဆိုတာ သေချာပါတယ်” ဟု အမည်မဖေါ်လိုသော မွန်ပြည်နယ် လွှတ်တော်ကိုယ်စားလှယ် တစ်ဦးက ဆိုသည်။

    ၎င်းမော်လမြိုင်ဘိလပ်မြေစက်ရုံသည် ထိုင်းဘတ် (၁၂,၄၀ဝ) သန်း ရင်းနှီးမြုပ်နှံထားပြီး၊တစ်နေ့လျှင် ဘိလပ်မြေ တန်ချိန် (၅၀ဝ၀) ခန့် ထုပ်လုပ်မည်ဟုဆိုသည်။ ၎င်းဘိလပ်မြေစက်ရုံ တည်ဆောက်မှုကို ၂၀၁၄၊ ဇန်နဝါရီလက အကောင်အထည်ဖေါ်ခဲ့ပြီး ၂၀၁၆ မတ်လခန့်တွင် စက်ရုံလည်ပတ်နိုင်မည်ဟု စက်ရုံတည်ဆောက်ရေးကုမ္ပဏီမှ ထုတ်ဖေါ် ပြောဆိုထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks