Sunday, March 15, 2026
More
    spot_img
    Homeသတင်းမရမ်းချောင်းကျေးရွာနှင့် ကင်းမွန်ချောင်းစခန်းတွင် ရေကြီးသော်လည်း စိုးရိမ်စရာမရှိ

    မရမ်းချောင်းကျေးရွာနှင့် ကင်းမွန်ချောင်းစခန်းတွင် ရေကြီးသော်လည်း စိုးရိမ်စရာမရှိ

    -

    ကင်းမွန်ချောင်းစခန်းတွင် ရေကြီးခဲ့မှုအခြေအနေ(Popular News Journal)
    ကင်းမွန်ချောင်းစခန်းတွင် ရေကြီးခဲ့မှုအခြေအနေ(Popular News Journal)
    ချစ်မင်းထွန်း – မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်အတွင်းရှိ မရမ်းချောင်းကျေးရွာ နှင့် ကင်းမွန်ချောင်းစခန်းတွင် ယနေ့ နံနက် ၁၀ နာရီဝန်းကျင်က မိုးသည်းထန်စွာ ရွာသွန်းခဲ့ရာမှ

    တောင်ချချောင်းရေ စီးဆင်းမှု များပြားလာခြင်းကြောင့် ရေကြီးခဲ့သော်လည်း စိုးရိမ်စရာမရှိကြောင်း ကယ်ဆယ်ရေး နှင့် ပြန်လည်နေရာချထားရေး မွန်ပြည်နယ် ဦးစီးမှူးရုံးမှ သတင်းရရှိသည်။

    အောက်တိုဘာ ၁၀ ရက်က မွန်ပြည်နယ်၊ကျိုက်ထိုမြို့နယ်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့သည့်အတွက် မရမ်းချောင်းကျေးရွာ ရန်ကုန်-မော်လမြို ့ကားလမ်း မိုင်တိုင်အမှတ် ၉၆/၄ နှင့် ၉၆/၅ ကြား တံတားအမှတ် ၉၇/၃ လမ်းအရှည် ၂၀၀ ခန့်ပေါ်မှာ ရေအမြင့်ပေ ၁ ပေခန့် ရေလှျံနေသည်ဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး မွန်ပြည်နယ်ဦးစီးမှူးရုံး ဦးစီးအရာရှိက ပြောသည်။

    ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး မွန်ပြည်နယ်ဦးစီးမှူးရုံးမှ ဦးစီးအရာရှိ ဒေါ်ခင်သန္တာရွှေက “အစ်မတို့ ဆီကို အခု သတင်းရောက် လာတာကတော့ မရမ်းချောင်းကျေးရွာမှာ ရေ ၁ ပေလောက်ရှိတယ်လို့ပြောတယ်၊ ဒါပေမဲ့ ကားတွေလည်း ပုံ မှန်အတိုင်းသွားနေတယ်၊ ဒေသခံတွေလည်း ပုံမှန်အတိုင်းဘဲ သွားလာလှုပ်ရှားနေတယ်လို့သတင်းရတယ်၊ ဒါကြောင့် စိုးရိမ်စရာတော့မရှိဘူး”ဟု ပြောသည်။

    ထို့အတူ ကျိုက်ထိုမြို့နယ်၊ ကျိုက်ထီးရိုးဘုရားသို့ သွားသည့် ကင်းမွန်ချောင်းစခန်းတွင်လည်း နံနက် ၁၀ နာရီခန့်က မိုးရွာသွန်းမှုများသည့်အတွက် တောင်ကျချောင်းရေ စီးဆင်းလာမှုများပြားခဲ့ပြီး ကင်းမွန်ချောင်း စခန်းတွင် ရေကြီး ရေလှျံမှုများရှိလာခဲ့သည်။

    သို့သော် ညနေ ၄ နာရီခန့်တွင် ရေများ ပြန်လည်ကျဆင်းသွားသည့်အတွက် မော်တော်ကားများ၊ ဒေသခံများလည်း ပုံမှန်အတိုင်း သွားလာ လှုပ်ရှားနေပြီး စိုးရိမ်စရာမရှိဟု ကယ်ဆယ်ရေးနှင့်ပြန်လည် နေရာချထားရေး သထုံခရိုင်ဦးစီးမှူးရုံး ဦးစီးအရာရှိ ဦးစည်သူစိုးကပြောသည်။

    ဦးစည်သူစိုးက “ဘာမှတော့ စိုးရိမ်စရာမရှိပါဘူး။ ဒီနေ့ ညနေ ၄ နာရီလောက်က ရေပြန်ကျသွားပြီး မနက် ၁၀ နာရီလောက် ကတော့ မိုးရွာတာ များတော့ ရေကြီးတာပေါ့။အခု ကင်းမွန်ချောင်းစခန်းမှာ ပုံမှန်အတိုင်းသွားလာ လှုပ်ရှား နေပါပြီး။မရမ်းချောင်းကျေးရွာမှာလည်း စိုးရိမ်စရာမရှိပါဘူး။အားလုံး အဆင်ပြေပါတယ်”ဟု ပြောသည်။

    အလားတူ အောက်တိုဘာ ၁၀ ရက်နေ့တွင် ရှမ်းပြည်နယ် မြောက်ပိုင်းတွင်လည်း မိုးရွာသွန်းမှု များပြားသည့်အတွက် ကျောက်မဲမြို့နယ်မှာလည်း ရေကြီး ရေလှျံမှုများ ဖြစ်ပွားလှျက်ရှိပြီး စစ်ကိုင်းတိုင်းဒေသကြီး၊ ကောလင်းမြို့ နယ်မှာလည်း ရေကြီး ရေလှျံမှုများ ဖြစ်ပွားနေကြောင်း သိရသည်။

    ပြီးခဲ့သည့် လများအတွင်းက မြန်မာနိုင်ငံအနှံ့အပြားတွင် မိုးရွာသွန်းမှု များပြားရာမှ တိုင်းနှင့်ပြည်နယ်အသီး သီးရှိ ဒေသများသည် ရေဘေးဒုက္ခသည်များ အဖြစ်ရောက်ရှိခဲ့ကြကြောင်း၊ ချင်းပြည်နယ်၊ ဟားခါးမြို့ သည်လည်း ပျက်စီး ဆုံးရှုံးခဲ့ရပြီး ယနေ့အချိန်အထိ မြို့သစ်တည်ရန်အတွက် မြေအနေအထားများကို ရှာဖွေ၍ မရသေး ကြောင်းသိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,200SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks