Homeသတင်းမွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ချဲတိုက်ရွာကို စစ်တပ် ဗုံးထပ်ကြဲ၊ လူထိခိုက်သေဆုံးမှုများ

မွန်ပြည်သစ်ထိန်းချုပ်နယ်မြေ ချဲတိုက်ရွာကို စစ်တပ် ဗုံးထပ်ကြဲ၊ လူထိခိုက်သေဆုံးမှုများ

-

မွန်ပြည်နယ်၊ ရေးချောင်းဖျားဒေသရှိ မွန်ပြည်သစ်ပါတီ (NMSP) ထိန်းချုပ်နယ်မြေ ချဲတိုက်ကျေးရွာကို စစ်ကော်မရှင်တပ်က လေယာဉ်ဖြင့် ယနေ့ နိုဝင်ဘာ ၁၆ ရက်နေ့ မွန်းလွဲပိုင်းတွင် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့ပြီး ထိခိုက်သေဆုံးသူ များပြားကြောင်း မြေပြင်သတင်းအရင်းအမြစ်များထံမှ သိရသည်။

ယနေ့ မွန်းလွဲ ၁ နာရီအချိန်ခန့်တွင် ချဲတိုက်ကျေးရွာအတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးသီး ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်။

အဆိုပါ ဗုံးကြဲတိုက်ခိုက်မှုကြောင့် ကနဦးစာရင်းအရ ဒေသခံ ၂ ဦး သေဆုံးပြီး၊ ၃၀ ဦးခန့် ထိခိုက်ဒဏ်ရာရရှိကြောင်း၊  ကူညီကယ်ဆယ်ရေးလုပ်ငန်းများ ဆောင်ရွက်ဆဲဖြစ်ပြီး ထိခိုက်သေဆုံးသူ အရေအတွက် များလာနိုင်ကြောင်း မြေပြင်သတင်းအရင်းအမြစ်တစ်ဦးက ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
41,000SubscribersSubscribe

Latest posts