Home သတင်း ကျိုက်မရောမြို့နယ်အပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

ကျိုက်မရောမြို့နယ်အပါအဝင် လစ်လပ်မဲဆန္ဒနယ် ၅၅ နေရာ ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်

မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်အပါအဝင် လစ်လပ်နေသည့် မဲဆန္ဒနယ် ၅၅ နေရာကို ၂၀၂၇ ခုနှစ်၊ ဧပြီလ ၄ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည်ဖြစ်ကြောင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် (UEC) က နိုဝင်ဘာ ၅ ရက်တွင် ထုတ်ပြန်ကြေညာသည်။

ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် မဲဆန္ဒနယ်များတွင် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ် ၃၄ နေရာ၊ အမျိုးသားလွှတ်တော်မဲဆန္ဒနယ် ၅ နေရာနှင့် တိုင်းဒေသကြီး၊ ပြည်နယ်လွှတ်တော်မဲဆန္ဒနယ် ၁၆ နေရာ ပါဝင်သည်။

ကြားဖြတ်ရွေးကောက်ပွဲကို မဲအများဆုံးရရှိသူ အနိုင်ရသည့်စနစ် (First-Past-The-Post – FPTP) ဖြင့် ကျင်းပမည်ဖြစ်သည်။

ကချင်၊ ချင်း၊ မွန်၊ ရန်ကုန်၊ မန္တလေး၊ စစ်ကိုင်း၊ မကွေး၊ ပဲခူး၊ တနင်္သာရီနှင့် နေပြည်တော် စသည့် တိုင်းနှင့် ပြည်နယ်များရှိ မြို့နယ် ၄၀ ခုတို့တွင် ကျင်းပမည်ဖြစ်သည်။

ပြီးခဲ့သည့် ၂၀၂၅ အထွေထွေရွေးကောက်ပွဲ ပထမပိုင်းတွင် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) ကိုယ်စားလှယ်လောင်း ဦးမျိုးမြင့် အနိုင်ရရှိခဲ့သည်။

သို့သော် ဦးမျိုးမြင့်သည် ၂၀၂၆ ခုနှစ်၊ ဧပြီလ ၁၀ ရက်တွင် ဆောက်လုပ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးအဖြစ် ခန့်အပ်ခြင်းခံခဲ့ရသဖြင့် ကျိုက်မရောမြို့နယ် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ်‌နေခြင်းဖြစ်သည်။

Enable Notifications OK No thanks