Home သတင်း ရန်ကုန်မြို့ပေါ် လူငယ်ဖမ်းဆီမှုများကြောင့် သင်တန်းတက်ရောက်နေသည့် မွန်လူငယ်များ နေရပ်ပြန်လာ

ရန်ကုန်မြို့ပေါ် လူငယ်ဖမ်းဆီမှုများကြောင့် သင်တန်းတက်ရောက်နေသည့် မွန်လူငယ်များ နေရပ်ပြန်လာ

ရန်ကုန်မြို့ပေါ်တွင် ဘာသာစကားအပါအဝင် သင်တန်းမျိုးစုံတက်ရောက်နေသည့် မွန်လူငယ်များ ယခုရက်ပိုင်းအတွင်း လူငယ်ဖဖ်းဆီးခံရသည့် ကိစ္စများ မြင့်တက်လာသဖြင့် နာခိုနေထိုင်နေသည့် ဘုန်ကြီးကျောင်းအသီးသီးမှ ကျောင်းထိုင်ဆရာတော်များက နေရပ်ပြန်လွှတ်ထားရကြောင်း သိရသည်။

စစ်တပ်မှ ရန်ကုန်မြို့တွင် နေထိုင်သွားလာနေသည့် လူငယ်များအကြား အကြောင်းမဲ့ ဖမ်းဆီးစစ်ဆေးခံရနိုင်မှုနှင့် လုယက်ခံရနိုင်မှုတို့ကို အဓိကစိုရိမ်နေရပြီး ညဘက်တစ်နေရာမှ တစ်နေရာသို့ သွားလာရာတွင် အဓိကစိုးရိမ်နေရသည်။

ဘုန်းကြီးကျောင်းအထိ ဝင်ရောက်ဖမ်းဆီးမှုများ လုပ်ဆောင်လာသဖြင့် မိမိတို့နှင့်နီးစပ်ရာ မြို့ပေါ် မွန်ဘုန်းကြီးကျောင်းများတွင် တည်းခိုနေထိုင်နေသည့် မွန်ဒေသအသီးသီးမှ လူငယ်များကို လတ်တလော နေရပ်ပြန်လွှတ်ထားကြောင်း မွန်ကျောင်းထိုင်ဆရာတော်နှင့် နီးစပ်သူတစ်ဦးက ဆိုသည်။

"အခု ရန်ကုန်မှာ လူငယ်တွေလိုက်ဖမ်းတဲ့ကိစ္စ အရမ်းကို မြင့်တက်နေတယ်။ အရင်ကဆို ည ၁၀ နာရီ ၁၁ ကြားမှာ လိုက်ဖမ်းတာတွေရှိတာပေါ့။ အခုက အဲလိုမဟုတ်တော့ဘူး နည်းနည်းမိုးချုပ်တာနဲ့ လမ်းကြိုလမ်းကြားက နေရာတွေမှာဆို လိုက်ဖမ်းနေပြီး။ အချို့ဆို ဘုန်းကြီးကျောင်းပေါ်အထိကို တက်ရှာတာ။ အဲကြောင့် ပြန်ခိုင်းထားတာ။"ဟု ဆိုသည်။

လက်ရှိ မွန်ဘုန်းကြီးကျောင်းများအတွင်း ကျန်းမာရေးမကောင်းဘဲ လာရောက်ဆေးကုသနေသူများသာ ကျန်ရှိတော့သည်ဟုလည်း ဆက်ပြောသည်။

ဖမ်းဆီးမှုတင်းကြပ်ခြင်း၏ နောက်ဆက်တွဲအဖြစ် ရန်ကုန်မြို့ပေါ်တွင် ညပိုင်းလူသွားလူလာနည်းပါးပြီး ကျေးလက်များဒေသများအတိုင်း တိတ်ဆိတ်ငြိမ်သက်လျှက်ရှိသည်ဟုလည်း မွန်ဒေသမှ လူနာပို့ဆောင်နေသူ ယာဉ်မောင်းတစ်ဦးက ပြောသည်။

"လူငယ်တွေကို ဖမ်းဆီးတာ တင်းကြပ်လာတဲ့အချိန်ကနေ စပြီးတော့ လူငယ်တွေလည်းမနေရဲတော့ဘူး။ တိတ်ဆိတ်နေတာ တောရွာတွေအတိုင်းပဲ။ အရင်က မိုးချုပ်ဆို လူသွားလူလာ မရှိသလောက်ကိုနည်းသွားတာ။ ဟိုနားဒီနား တည်းခိုနေထိုင်နေတဲ့ လူငယ်တွေလည်း ပြန်ကုန်ပြီး။"ဟု ဆိုသည်။

အာဏာသိမ်းစစ်တပ်သည် ယခုစက်တင်ဘာလအတွင်း စစ်မှုထမ်း အပတ်စဉ် (၂၈) စတင်ပြုလုပ်နေခြင်းဖြစ်ပြီး ည ၉ ည ၉ နာရီနောက်ပိုင်း အရပ်ဝတ်နှင့် လှည့်လည်ကာ လမ်းပေါ်တွေ့သမျှကို လိုက်လံဖမ်းဆီးနေခြင်းဖြစ်ပြီး စစ်ကားများဖြင့်လည်း စောင့်ဆိုင်းဖမ်းဆီးမှုရှိ နေသည်။

ထိုသို့ ပေါ်တာဆွဲဖမ်းဆီးရာ၌ လူပြတ်သောနေရာများ၊ ကားမှတ်တိုင်တို့တွင် အုပ်စုလိုက်လှုပ်ရှား ဖမ်းဆီးမှုလေ့ရှိသဖြင့် ညပိုင်းလူသွားလူလာ နည်းပါးသွားသည်။

ပြီးခဲ့သည့် ဩဂုတ်လအတွင်းကလည်း ရန်ကုန်မြို့တွင် ပေါ်တာဆွဲ ဖမ်းဆီးခံရသူ ၉၈ ဦးရှိကြောင်း Rangoom Scout Network ၏ အချက်အလက်များအရ သိရသည်။

ထို့ကြောင့် မွန်ဒေသအသီးသီးမှ ရန်ကုန်မြို့သို့ သင်တန်းတက်ရောက်နေသည့် မွန်လူငယ်များ၊ ကျန်မားရေလိုအပ်ချက် ဆေးကုသမှု ခံယူနေသူများ သတိပြုနေထိုင်သွားလာနေရသည်။

ပုံ-ငွေကျောက်ပိုင်(စက်တင်ဘာ ၁၃ ရန်ကုန်ညမြင်ကွင်း)

Enable Notifications OK No thanks