Homeသတင်းစစ်မှုထမ်းကြေး မပေးဆောင်နိုင်သည့်  အိမ်ထောင်စုများကို စားအုန်းဆီဝယ်ယူခွင့်ကန့်သတ်

စစ်မှုထမ်းကြေး မပေးဆောင်နိုင်သည့်  အိမ်ထောင်စုများကို စားအုန်းဆီဝယ်ယူခွင့်ကန့်သတ်

-

မွန်ပြည်နယ်၊ ပေါင်မြို့နယ် အုပ်ချုပ်ရေးအဖွဲ့များ ကောက်ခံနေသည့် စစ်မှုထမ်းကြေးကို မပေးဆောင်နိုင်သည့် အိမ်ထောင်စုများ စားအုန်းဆီဝယ်ယူခွင့် ကန့်သတ်ခံထားကြောင်း သိရသည်။

ကုန်ဈေးနှုန်း တည်ငြိမ်ကျဆင်းစေရေး မွန်ပြည်နယ်ဆီလုပ်ငန်းရှင်များအသင်းမှ ပေါင်ဒေသခံပြည်သူများအာ, စားအုံးဆီ တစ်ပိဿာ ၈၀၀၀ ကျပ်နှုန်းဖြင့် တစ်လတစ်ကြိမ် လရောက်ရောင်းချပေးနေသည်၊

ထို့သို့ ရောင်းချရာတွင် လစဉ်စစ်မှုထမ်းကြေး မပေးဆောင်ထားသည့် အိမ်ထောင်စုများကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်များ မထုတ်ပေးသည့်အပြင် ဝယ်ယူခွင့်လည်းမပြုခဲ့ကြောင်း ကိုယ်တိုင်ကြုံတွေ့ခဲ့ရသူ ပေါင်ဒေသခံ အမျိုးသမီးတစ်ဦးက ဆိုသည်။

“ ဆီ ၃ နေရာရောင်းတယ်။ ကျမတို့ သွားခဲ့တယ်။ စာအုပ်ပေးမယ်ပြောပြီး မထုတ်ပေးဘူးတဲ့။ ရောင်းတော့လည်း လာမခေါ်ဘူး။ စစ်မှုထမ်းကြေး မပေးထားလို့ မရဘူးတဲ့။” ဟု အမျိုးသမီးက ဆိုသည်။

စားအုန်းဆီကို တန်းစီစနစ်ဖြင့် ဆီကုန်သည်အသင်းနှင့် ရပ်ကွက်တာဝန်ရှိသူများပူးပေါင်း၍ အထောက်အထားမလိုဘဲ ရောင်းချပေးခဲ့ရာမှ ယခုသြဂုတ်လတွင်  သက်ဆိုင်ရာရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးများမှ ထုတ်ပေးသော စားသုံးဆီ ဝယ်ယူခွင့်စာအုပ်များဖြင့်သာ ရောင်းချရန် ကန့်သတ်ထားသည်။

ထို့ကြောင့် စားဝတ်နေရေးခက်ခဲပြီး စစ်မှုထမ်းကြေးမပေးနိုင်သည့် အိမ်ထောင်စုများ စားအုန်းဆီဝယ်ယူခွင့်လည်း မရှိတော့ကြောင်း ဒေသခံများက ဆိုသည်။

ပေါင်တွင် စစ်မှုထမ်းကြေး မပေးဆောင်ထားသည့် အိမ်ထောင်စုများကို စားအုန်းဆီဝယ်ယူခွင့်စာအုပ်အပါအဝင်  ထောက်ခံစာတစ်စုံတစ်ရာ လိုအပ်ပါက ရပ်ကွက်အုပ်ရေးမှုးရုံးများမှ လုပ်ဆောင်ပေးခြင်းမရှိဟုလည်း ပေါင်ဒေသခံ အမျိုးသားတစ်ဦးက ဆိုသည်။

“ ကျနော့် အိမ်တော့မပေးဘူး။ မပေးလို့ ထောက်ခံစာသွားယူရင် အုပ်ချုပ်ရေးမှူး၊ ဆယ်အိမ်မှူးတို့ ရစ်တာခံရတာပေါ့။ အရောင်းအဝယ်ကိစ္စဆိုရင် သူတို့ထောက်ခံချက် ယူရတယ်လေ။” ဟု ဆိုသည်။

ပေါင်မြို့နယ်တွင် ကျေးရွာအလိုက် အိမ်ခြေ အပေါ်မူတည်၍ စစ်မှုထမ်းကြေးကို အနည်းဆုံး ၁၀၀၀၀ ကျပ်မှ ၃၀၀၀၀ ကြား ကောက်ခံနေပြီး စားဝတ်နေရေးခက်ခဲသည့် ဒေသခံများ ပေးဆောင်ရန် အခက်တွေ့နေကြောင်းလည်း သိရသည်။

စစ်မှုထမ်းဥပဒေ စတင်ပြဌာန်းသည့် ၂၀၂၄ ခုနှစ် ဖေဖော်ဝါရီလမှစ၍ မွန်နှင့်ကရင် ပြည်နယ်အတွင်းရှိ အုပ်ချုပ်ရေးမှုးများထံ ဒေသခံများ စစ်မှုထမ်းကြေး စတင်ပေးဆောင်လာရပြီး ခြိမ်းခြောက်ခံရမှုများလည်း ရှိနေကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts