Homeသတင်းထိုင်းရောက် မြန်မာ CDM ဝန်ထမ်းများကို သံရုံးက CI စာအုပ် မထုတ်ပေး

ထိုင်းရောက် မြန်မာ CDM ဝန်ထမ်းများကို သံရုံးက CI စာအုပ် မထုတ်ပေး

-

ထိုင်းနိုင်ငံတွင် ရောက်ရှိနေသော အကြမ်းမဖက်အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် နယ်ပယ်အသီးသီးမှ ဝန်ထမ်းများကို မည်သူမည်ဝါဖြစ်ကြောင်း သက်သေခံလက်မှတ်(CI) စာအုပ် ထုတ်မပေးကြောင်း စုံစမ်းသိရှိရသည်။

ထိုင်းရောက်မြန်မာအလုပ်သမားများ တရားဝင်နေထိုင်အလုပ်လုပ်ကိုင်နိုင်ရေးအတွက် အရေးပါသည့် CI များကို ကောင်စစ်ဝန်ရုံးဘက်မှ CDM များကို ထုတ်မပေးကြောင်း ပြောဆိုသည်ဟု ချင်းမိုင်ရောက် အထွေထွေအုပ်ချုပ်ရေးမှူးရုံးမှ CDM လုပ်ခဲ့သူ မချိုမာ (အမည်လွှဲ)က ဆိုသည်။

မချိုမာ (အမည်လွှဲ) က ချင်းမိုင်မြို့ CI ရုံးတွင် ကြုံတွေ့ခဲ့သည့် ၎င်း၏ အတွေ့အကြုံအားယခုကဲ့သို့ပြောပြသည်။ “ရုံးမှာ အားလုံးအဆင်ပြေတယ်။ တခြားလူတွေလုပ်ရသလို မျက်စိစကန်တွေလုပ်ရတယ်။ လက်ဗွေတွေနှိပ်ရတယ်။ ပြီးတော့ စာအုပ်ကိုစောင့်နေတာ ကိုယ့်နောက်မှရောက်တဲ့လူတွေ စာအုပ်ကိုထုတ်ထုတ်သွားတော့ ဘာလို့မရသေးတာလဲသွားမေးတော့မှ ပြောပြတယ်။ CDM ဆိုတာ တွေ့ရလို့ စာအုပ်မထုတ်ပေးဘူးဆိုတာ ဒါပေမယ့် သူတို့ပြောတာကတော့ စာအုပ်ရချင်ရင် ကောင်စစ်ဝင်ရုံးကို သွားပြီး ထောက်ခံစာယူခဲ့၊ အဲ့ခါကျမှ ထုတ်ပေးမယ်” ဟု ဆိုသည်။

ထို့ကဲ့သို့ဖြစ်စဉ်ကို CDM တိုင်းလိုလို ကြုံတွေ့နေရပြီး ၎င်းတို့ပင် ဖြေရှင်းပေး၍ မရဖြစ်နေကြောင်း အကျိုးဆောင်တစ်ဦးကပြောပြသည်။ သို့သော်လည်း CI စာအုပ်ရယူနိုင်ရန် ကောင်စစ်ဝန်ရုံးသို့ သွားရောက်ကာ အမည်မဲစာရင်းမှ ပယ်ပျက်ပေးရန် အသနားခံစာကဲ့သို့ ဖောင်တင်ပြီးလျှင် ရရှိကြောင်း ကိုယ်တိုင်လုပ်ကိုင်ခဲ့သည့် မချိုမာက ပြောပြသည်။

“ရုံးကိုရောက်သွားတော့ ဒီလို ဒီလိုပါပြောတော့ ခံဝန်လိုမျိုးပေါ့ လက်မှတ်ထိုးပေးရတယ်။ ပိုက်ဆံပေးရတာမျိုးတော့ မရှိဘူး။ အဲဒီကထောက်ခံစာကိုယူပြီး CI ရုံးကိုသွားတော့ စာအုပ်ကို ချက်ချင်း ထုတ်ပေးလိုက်တယ်။”ဟု ဆိုသည်။

ထိုကဲ့သို့ တင်းကြပ်မှုကို CDM များအပြင် သတင်းမီဒီယာလုပ်ငန်း လုပ်ကိုင်သူများပါ ကြုံတွေ့ရကြောင်း သိရသည်။ ကောင်စစ်ဝန်ရုံးသို့ မသွားသူများမှာ CI စာအုပ်ကြေး ပေးသွင်းထားသည့် ဘတ်ငွေ ၂၆၇၀ ခန့် ပြန်မရဘဲ ဆုံးရှုံးသူများလည်း ရှိနေသည်။

နိုင်ငံကူးလက်မှတ် ပတ်စပို့စ်မရှိသည့် ရွှေ့ပြောင်းမြန်မာလုပ်သားများအတွက် ထိုင်းအစိုးရနှင့် မြန်မာစစ်အစိုးရ တာဝန်ရှိသူများ ပူးပေါင်းကာ ထိုင်းနိုင်ငံအတွင်း စင်တာ ၄ ခုနှင့် မိုဘိုင်းစင်တာ တစ်ခု ဖွင့်လှစ်ကာ CI များလုပ်ပေးနေခြင်းဖြစ်သည်။

CI စင်တာများကို စမုစခွန်၊ စမုပရာကန်၊ ဆူရတ်ဌာနီ၊ ချင်းမိုင်နှင့် ချွန်ဘူရီ စသည့် မြို့များတွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလမှ စတင်ကာ ထုတ်ပေးနေသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,100SubscribersSubscribe

Latest posts