Homeသတင်းရေးချောင်းဖျားဒေသ ကျေးရွာအတွင်းသို့ စစ်တပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

ရေးချောင်းဖျားဒေသ ကျေးရွာအတွင်းသို့ စစ်တပ်မှ လေယာဉ်ဖြင့် ထပ်မံဗုံးကြဲ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရေးချောင်းဖျားဒေသရှိ ကျေးရွာတစ်ရွာကို စစ်ကော်မရှင်တပ်မှ ယနေ့ဇွန် ၃ ရက်နေ့ နံနက်ပိုင်းတွင် လေယာဉ်ဖြင့် ထပ်မံဗုံးကြဲတိုက်ခိုက်ခဲ့သည်ဟု ဒေသခံများ၏ပြောကြားချက်အရ သိရသည်။

ဇွန်လ ၃ ရက်နေ့ နံနက် ၁ နာရီဝန်းကျင်အချိန်ခန့်တွင် စစ်ကော်မရှင်တပ်မှ Y8 လေယာဉ်ဖြင့် လာရောက် ဗုံး ၂ လုံး ကြဲချတိုက်ခိုက်ကာ နေ့ခင်းပိုင်းတွင်လည်း ကင်းထောက်ပျံဝဲမှုများလုပ်ဆောင်နေကြောင်း သိရသည်။

“၁ နာရီမှာ ၁ လုံး၊ ၁ နာရီကျော်ကျော်မှာ တစ်လုံး၊ တမင်သပ်သပ် လာကြဲချသွားတာ။ တစ်ယောက်တော့ ဆုံးသွားတယ်လို့ ကြားတယ်။ ထိခိုက်ဒဏ်ရာ ရရှိတဲ့သူတွေကတော့ သေချာမသိဘူး”ဟု ၎င်းက ဆိုသည်။

လေယာဉ်ဖြင့် ဗုံးကြဲခံရသည့် ကျေးရွာသည် စစ်ကော်မရှင်တပ်နှင့် တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့ တို့အကြား နှစ်ဖက်တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ရည်ရွယ်ရှိရှိ လုပ်ဆောင်ခဲ့ကြောင်း သိရသည်။

ကနဦးသတင်းအချက်အလက်များအရ ဗုံးကြဲတိုက်ခိုက်ခံရမှုကြောင့် လူတစ်ဦးထိခိုက်သေဆုံးပြီး နေအိမ်များ ထိခိုက်ပျက်စီးမှုရှိကြောင်းလည်း သိရသည်။

ပြီးခဲ့သည့် မေလ ၂၇ ရက်နေ့ နံနက် ၁ ဝန်းကျင်အချိန်ခန့်ကလည်း ရေးမြို့နယ်တွင် အခြေစိုက်ထားသည့် ရေးဘီလူးတပ်စခန်းကို စစ်ကော်မရှင်တပ်တို့က Y-12 နှင့် Jet Fighter တိုက်လေယာဉ်ဖြင့် ဗုံးကြဲချ တိုက်ခိုက်ခဲ့သေးသည်။

ထို့ကြောင့် ယခုရက်ပိုင်းတွင် ရေးချောင်းဖျားဒေသခံများ လေကြောင်းအန္တရာယ် စိုးရိမ်နေကြရကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,600SubscribersSubscribe

Latest posts