Homeသတင်းသရက်ချောင်းတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ဒေသခံ ၃ ဦးသေဆုံး

သရက်ချောင်းတွင် စစ်တပ်လက်နက်ကြီး ပစ်ခတ်မှုကြောင့်  ဒေသခံ ၃ ဦးသေဆုံး

-

သရက်ချောင်းမြို့နယ်တွင် သင်းကျွန်းရွာတွင် ဇွန်လ ၁ ရက်နေ့ ညနေက စစ်တပ်မှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ဒေသခံ လင်မယား ၂ ဦးနှင့် အမျိုးသမီး ၁ ဦးသေဆုံးခဲ့ရကြောင်း ဒေတွင်းသတင်းအရင်းအမြစ်များမှ သိရသည်။

သရက်နှစ်ခွရွာနှင့် ပန်းပြင်ရွာကြားရှိ စစ်ကော်မရှင်ဂိတ်မှ ဇွန်လ ၁ ရက်နေ့ ညနေ ၅ နာရီဝန်းကျင်တွင်  အကြောင်းမဲ့ လက်နက်ကြီး ၄ ကြိမ် ရမ်းသမ်းပစ်ခတ်မှုများ လုပ်ဆောင်ခဲ့သည်။

အဆိုပါ လက်နက်ကြီးများ သင်းကျွန်းရွာ မီးရထားလမ်း‌ဘေးတွင် ကျရောက်ပေါက်ကွဲခဲ့ပြီး သင်းကျွန်းရွာနေ၊ အသက် ၅၀ အရွယ်ရှိ လင်းမယား ၂ ဦးသည် လက်နက်ကြီးစထိမှန်ခဲ့ပြီး ပွဲချင်းပြီး သေဆုံးခဲ့ရသည်။

ထို့အပြင် အသက် ၅၀ အရွယ်ခန့် အမျိုးသမီး ၁ ဦးလည်း ဒဏ်ရာအပြင်းအထန်းရရှိခဲ့ပြီး ဆေးရုံးသို့ ပို့ဆောင်‌စဉ် လမ်းတစ်နေရာတွင် သေဆုံးခဲ့ရသည်။

“ အကြောင်းမဲ့ လက်နက်ကြီး ၄ ကြိမ် ပစ်လိုက်တာ။ သင်းကျွန်းရွာမှာ သွားကျတာ မီးရထားလမ်းအနီးက ခြံမှာ သစ်ပင်သစ်သီးတွေ သွားစိုက်နေကြတဲ့ လင်မယားနဲ့ နောက်အမျိုးသမီးတယောက်နဲ့ ထိသွားတာ နှစ်ယောက်ကတော့ ပွဲချင်းပြီးပဲ ကျန်တစ်ယောက်က ဒဏ်ရာပြင်းတော့ ဆေးရုံပို့ရင်းနဲ့ ဆုံးသွားတယ် မသိဘူး။  ” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။

‌လက်နက်ကြီးပစ်ခတ်မှုကြောင့် ‌သေဆုံးခဲ့ရသည့် အမျိုးသား ၁ဦးနှင့် အမျိုးသမီး ၂ဦးကို ဇွန် ၂ ရက်နေ့ မွန်းလွဲပိုင်းတွင် မီးသင်္ဂြိုဟ်ခဲ့သည်ဟု သိရသည်။

၎င်းအပြင် ဇွန်လ ၁ ရက်နေ့ ည ၈ နာရီတွင်လည်း အဆိုပါ သရက်နှစ်ခွရွာနှင့် ပန်းပြင်ရွာကြားရှိ စပ်တပ်ဂိတ်မှ လက်နက်ကြီးထပ်မံ ပစ်ခတ်ခဲ့သေးသည်။

တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ စစ်တပ်မှ သင်းကျွန်းရွာဘက်သို့ အကြောင်းမဲ့ လက်နက်ကြီး ရမ်းသမ်းပစ်ခတ်မှုများ မကြာခဏလုပ်ဆောင်နေသဖြင့် ဒေသခံများက စိုးရိမ်ကြောက်လန့်နေကြသည်ဟု ဒေသခံတစ်ဦးက ပြောသည်။

“အရင်ကလဲ ဒီလိုပဲ တိုက်ပွဲလဲမဖြစ်ဘူး သက်သက်ရမ်းပြီးပစ်နေတာ ခဏခဏပါပဲ အရင်က လူထိတာမရှိဘဲ ရွာအတွင်းမှာ ကျတယ် လယ်ကွင်းတွေ ဘုရားကုန်းတွေ ကျဖူးတယ် ရွာခံတွေတော့ နောက်ထပ်ကျလာမှာကို ကြောက်နေရတာပေါ့” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေလကလည်း စစ်တပ်မှ သင်းကျွန်းကျေးရွာဘက်သို့ လက်နက်ကြီးပစ်ခတ်ခဲ့ရာ ကျေးရွာအတွင်း ကျရောက်ပေါက်ကွဲခဲ့ပြီး နေအိမ်တစ်အိမ် ထိမှန်ပြီး ပျက်စီးခဲ့သေးသည်။

ယခုရက်ပိုင်းအတွင်း ထားဝယ်မြို့မှ ထွက်လာတဲ့ အင်အားအများအပြားပါ စစ်တပ်အဖွဲ့သည် လက်နက်ကြီးရမ်းသမ်းပစ်ခတ်၍ သရက်ချောင်းမြို့နယ်အတွင်း နယ်မြေရှင်းလင်းရေး ပြုလုပ်နေကြောင်းလည်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts