Homeသတင်းစစ်ခေါင်းဆောင်က နိုင်လယိတမကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်

စစ်ခေါင်းဆောင်က နိုင်လယိတမကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်

-

အာဏာသိမ်း စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မွန်ပြည်နယ်အစိုးရအဖွဲ့ဝင် နိုင်လယိတမ (ခ) နိုင်ခင်မောင်ဇင်ကို ဝဏ္ဏကျော်ထင်ဘွဲ့ ပေးအပ်ခဲ့ကြောင်း ယနေ့ မတ်လ ၂ ရက်နေ့တွင် အသိပေးထုတ်ပြန်ထားသည်။

အာဏာသိမ်းပြီးနောက် ဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် စစ်ကောင်စီက မွန်ညီညွတ်ရေးပါတီ တွဲဖက်အတွင်းရေးမှုး (၁) ဖြစ်သူ နိုင်လယိတမကို မွန်ပြည်နယ် စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင်အဖြစ် ခန့်အပ်ခဲ့ပြီး လက်ရှိတွင်လည်း မွန်ပြည်နယ် စီးပွားရေးရာဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်လျှက်ရှိသည်။

နိုင်လယိတမသည် ၂၀၂၅-၂၀၂၆ ရွေးကောက်ပွဲတွင် ပြည်နယ်လွှတ်တော်နေရာကို အချိုးကျကိုယ်စားပြုစနစ် (PR) ဖြင့် ဝင်ရောက်ယှဥ်ပြိုင်ခဲ့ပြီး အနိုင်ရလွှတ်တော်ကိုယ်စားလှယ်တစ်ဦးလည်းဖြစ်သည်။

စစ်ခေါင်းဆောင်က ဝဏ္ဏကျော်ထင်ဘွဲ့ကို နိုင်လယိတမနှင့်အတူ လုံခြုံရေးနှင့် နယ်စပ်ရေးရာဝန်ကြီး ဗိုလ်မှူးကြီး ကျော်စွာမြင့်၊ သယံဇာတရေးရာဝန်ကြီး ဒေါက်တာအောင်မြတ်ကျော်စိန်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးတင်စန်းနိုင်၊ တိုင်းရင်းသားရေးရာဝန်ကြီး ဦးခင်မောင်ဦးနှင့် ဥပဒေချုပ် ဦးမြင့်အောင်တို့အပါအဝင် စုစုပေါင်း (၁၂၈) ဦးပါဝင်နေသည်ကို တွေ့ရသည်။

ယနေ့ထုတ်ပြန်ချက်အရ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး မင်းအောင်လှိုင်က မော်လမြိုင်မြို့အခြေစိုက် အရှေ့တောင်တိုင်း စစ်ဌာနချုပ် (ရတခ) တိုင်းမှုး ဗိုလ်ချုပ် ကျော်လင်းမောင်ကိုလည်း ဇေယျကျော်ထင်ဘွဲ့ ပေးအပ်လိုက်ကြောင်း သိရသည်။

ဝဏ္ဏကျော်ထင်ဘွဲ့သည် အများပြည်သူတို့၏ ကောင်းရာကောင်းကြောင်းကို ဖြစ်ထွန်းအောင် ထူးကဲကောင်းမွန်စွာ ဆောင်ရွက်နိုင်သူများကို ပေးအပ်ခြင်းဖြစ်ပြီး စစ်ဘက်ဆိုင်ရာတွင်လည်း အမှုထမ်းကောင်းသူများကို ဇေယျကျော်ထင်ဘွဲ့ ပေးအပ်ခြင်းဖြစ်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,000SubscribersSubscribe

Latest posts