Homeသတင်းစစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် မူးမြို့နယ်တွင် အရပ်သား နှစ်ဦး သေဆုံး

စစ်ကော်မရှင်တပ် ပစ်ခတ်မှုကြောင့် မူးမြို့နယ်တွင် အရပ်သား နှစ်ဦး သေဆုံး

-

ကရင်အမျိုးသားအစည်းအရုံး KNU အုပ်ချုပ်နယ်မြေ၊ ခလယ်လွီထူခရိုင်၊ မူးမြို့နယ်အတွင်း အာဏာသိမ်း စစ်ကော်မရှင်တပ်၏ ရည်ရွယ်ချက်ရှိရှိ ကျေးရွာများအတွင်း လက်နက်ကြီးဖြင့် ပစ်ခတ်မှုကြောင့် အပြစ်မဲ့အရပ်သား ပြည်သူ နှစ်ဦး သေဆုံးပြီး တစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ဗဟိုက ထုတ်ပြန်သည်။

စက်တင်ဘာလ ၄ ရက်နေ့ ညနေ ၆ နာရီခွဲအချိန်ခန့်က စစ်ကော်မရှင်တပ် ခမရ ၃၅၁၊ ခလရ ၆၀ မှ ဖိုးသောင်းစုကျေးရွာအတွင်းသို့ ၁၂၀ မမ ၂ လုံး ပစ်ခတ်ခဲ့သည်ဟု ဆိုသည်။

စစ်ကော်မရှင်တပ်မှ ပစ်ခတ်သည့် ၁၂၀ မမ ကျရောက်ပေါက်ကွဲမှုကြောင့် ဖိုးသောင်းစုကျေးရွာနေ အသက် ၅၅ နှစ်အရွယ် စောရွှေလူ၊ အသက် ၅၀ နှစ်အရွယ် စောပွေးပွေးတို့နှစ်ဦး သေဆုံးပြီး၊ အသက် ၅၈ နှစ်အရွယ် စောခင်လှဆိုသူ ထိခိုက်ဒဏ်ရာရရှိခဲ့သည့်အပြင် နွား နှစ်ကောင်လည်း ထိမှန်သေဆုံးသွားခဲ့သည်။

စစ်ကော်မရှင်တပ်မှ လက်နက်ကြီး အဆက်မပြတ် ပစ်ခတ်မှုကြောင့် အပြစ်မဲ့ပြည်သူများ ထိခိုက်သေဆုံးပြီး နေအိမ်များပါ ထိခိုက်ပျက်စီးသည့်အပြင် ပြည်သူများလည်း ထိတ်လန့် ကြောက်ရွံ့မှုဖြင့် နေထိုင်နေကြရသည်ဟု KNU က ထုတ်ပြန်သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts