Homeသတင်းခမရ ၅၉၁ တပ်ရင်းမှ တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ

ခမရ ၅၉၁ တပ်ရင်းမှ တပ်သားတစ်ဦး ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ကျောင်းရွာကျေးရွာအခြေစိုက် စစ်ကောင်စီ ခမရ ၅၉၁ တပ်ရင်းမှ တပ်သားတစ်ဦးကို ရေးဘီလူးအဖွဲ့က ဧပြီလ ၉ ရက်နေ့က အရှင်ဖမ်ဆီးရမိခဲ့ကြောင်း ရေးဘီလူးအဖွဲ့က ထုတ်ပြန်ထားသည်။

ယမန်နေ့ နံနက်ပိုင်းက ခမရ ၅၉၁ တပ်ရင်းမှ တပ်သား ကျော်ဇင်ဖြိုးဆိုသူကို ရေးဘီလူးတပ်ရင်း၊ တပ်ခွဲ (၂) က ကျောင်းရွာကျေးရွာ အနီးနားတွင် ဖမ်းဆီးရမိခဲ့ခြင်းဖြစ်သည်။

ရေးဘီလူးအဖွဲ့ ဖမ်းဆီးရမိသည် ခမရ ၅၉၁ တပ်ရင်းမှ တပ်သား ကျော်ဇင်ဖြိုးသည် စစ်ကိုင်းတိုင်၊ ဝန်းသိုမြို့နယ်ကဖြစ်ပြီး ရန်ကုန်တွင် အလုပ်လာလုပ်ရင်း စစ်မှုထမ်း တပ်သားစုဆောင်းခံရခြင်းဖြစ်သည်။

တပ်သား ကျော်ဇင်ဖြိုးသည် ပြည်သူ့စစ်မှုထမ်း အပတ်စဉ် (၄) သင်တန်းဆင်းတစ်ဦးဖြစ်သည်ဟု ရေးဘီလူးအဖွဲ့ထံမှ သိရသည်။  

ဖမ်းဆီးရမိသည့် ခမရ ၅၉၁ တပ်ရင်းမှ တပ်သား ကျော်ဇင်ဖြိုးကို ရေးဘီလူးအဖွဲ့က စစ်ဆေးမေးမြန်းမှုများ လုပ်ဆောက်လျက်ရှိသည်။

ပြီးခဲ့သည့် မတ်လ ၁၄ ရက်နေ့ကလည်း ရေးမြို့အခြေစိုက် စစ်ကောင်စီ စကခ (၁၉) တပ်ရင်းမှ တပ်ကြပ်ကြီး တစ်ဦးနှင့် တပ်သား ၅ ဦးတို့က လက်နက်ခဲယမ်းများနှင့်အတူ ရေးဘီလူးအဖွဲ့ထံ အလင်းဝင်ခဲ့သည်လည်း ရှိခဲ့သည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts