Thursday, April 16, 2026
More
    spot_img
    Homeသတင်းမုဒုံတွင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ(PP)ရုံးခန်းဖွင့်လှစ်

    မုဒုံတွင် ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်မည့် ပြည်သူ့ပါတီ(PP)ရုံးခန်းဖွင့်လှစ်

    -

    မွန်ပြည်နယ်၊ မုဒုံမြို့နယ်တွင်  ပြည်ထောင်စုအဆင့် ရွေးကောက်ပွဲဝင်ရောက်ယှဉ်ပြိုင်မည့် ပြည်သူ့ပါတီ( PP ) မှ ပြီးခဲ့သည့် မတ်လ ၉  ရက်နေ့ တနင်္ဂနွေနေ့တွင် ပါတီရုံး လာရောက်ဖွင့်ထားကြောင်း သိရသည်။ 

    နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ ၉ အရ ပါတီရုံးခန်းလာရောက် ဖွင့်လှစ်ခဲ့ခြင်းဖြစ်ပြီး ပါတီထံ အကူအညီတောင်းခံလာပါက ပြည်သူ့ဝန်ဆောင်မှုလုပ်ငန်းများဖြစ်သည့် လယ်ယာမြေကိစ္စ၊ မှတ်ပုံတင်ခြင်းကိစ္စနှင့် အခြားပြစ်မှုဆိုင်ရာကိစ္စတို့ကိုလည်း ဝိုင်းဝန်းကူညီဆောင်ရွက်ပေးသွားမည်ဟုလည်း မွန်ပြည်နယ် ပြည်သူ့ပါတီတာဝန်ခံ ဦးအောင်ကိုဝင်းသန်းမှ လွတ်လပ်သောမွန်သတင်းအေဂျင်စီကို ပြောသည်။

    လက်ရှိတွင် ပြည်သူ့ပါတီ (PP) မှ မွန်ပြည်နယ်အတွင်း ကျိုက်မရောနှင့် မုဒုံမြို့နယ်တို့တွင် ရုံးခန်းဖွင့်လှစ်ထားနိုင်ခဲ့ပြီး  ရွေးကောက်ပွဲဆိုင်ရာစည်းရုံးရေးလုပ်ငန်းများလည်း လုပ်ဆောင်နေကြောင်း သိရသည်။

    ပဋိပက္ခဘောင်ကျယ်ပြန့်ပြီး နိုင်ငံရေးပါတီ ပျက်စီးနေသည့်ကာလအတွင်း ပါတီလုပ်ငန်းဆိုင်ရာကိစ္စတို့ဆောင်ရွက်ရာတွင် စိန်ခေါ်မှုများရှိသော်လည်း ယုံကြည်ရာအတိုင်း ဆက်လက်လျှောက်လှမ်းသွားမည်ဟု ဆိုသည်။

    ဦးအောင်ကိုဝင်သန်းက " နိုင်ငံရေးပါတီတွေ ပျက်နေသောကာလတစ်ခုမှာ နိုင်ငံရေးကို နိုင်ငံရေးနည်းနဲ့သွားမယ်လို့ဆုံးဖြတ်ထားတဲ့ ကျနော်တို့ ပါတီအနေနဲ့ ပါတီစည်းရုံးရေးတွင်လည်းကောင်း၊ လူထုစိတ်ဝင်စားမှုနည်းနေတဲ့ အတွက် ကြောင့် လည်းကောင်း၊ ပါတီနိုင်ငံရေးကို မယုံကြည်သူများလည်းရှိနေတာကြောင့် အခက်အခဲ များစွာနဲ့ကြုံရပါတယ်” ဟု ပြောသည်။

    စစ်ကောင်စီ ဗိုလ်ချုပ်မှုးကြီးမင်အောင်လှိုင်မှ ယခုနှစ် ၂၀၂၅ နှစ်ကုန်ပိုင်းနှင့် လာမည့် နှစ်ဆန်းပိုင်းတို့တွင် ပါတီစုံ ဒီမိုကရေစီ ရွေးကောက်ပွဲကျင်းပမည်ဟု ပြီးခဲ့သည့် မတ်လ ၉ ရက်နေ့က ပြည်တွင်းအခြေစိုက် မီဒီယာတို့ထံ ပြောဆိုထားကြောင်း သိရသည်။

    အဆိုပါ ပြောဆိုချက်နှင့် ပတ်သတ်၍ ပြည်ထောင်စု ရွှေးကောက်ပွဲ ကော်မရှင် UEC မှ နိုင်ရေးပါတီတို့ထံ တစ်စုံတစ်ရာ ညွှန်ကြားထားခြင်းမရှိကြောင်းလည်း ဦးအောင်ကိုဝင်းသန်းက ဆက်ပြောသည်။

    "မသိသေးဘူး၊ ဗဟိုကနေ ဘာမှညွှန်ကြားတာ မရှိသေးပါဘူး" ဟု ပြောသည်။

    ပြည်သူ့ပါတီ(PP) သည် နိုင်ငံရေးပါတီများ မှတ်ပုံတင်ခြင်း ဥပဒေပုဒ်မ အခန်း ၂ ပုဒ်မ ၃ အရ ပါတီမှတ်ပုံတင်ခဲ့ပြီး၊ ၂၀၂၃ ခုနှစ် ဒီဇင်ဘာလ ၂၉ ရက်တွင် ဥပဒေပုဒ်မ ၉ အရ ဗဟိုကော်မတီရှင်မှ ပါတီတည် တောင်ခွင့်ပြုချက်ရထားကြောင်းသိရသည်။  

    တစ်နိုင်ငံလုံး စည်းရုံးမည့်ပါတီများအနေဖြင့် ပါတီဝင်အင်အား အနည်းဆုံး တစ်သိန်းရှိရန်လိုအပ်ပြီး အနည်းဆုံးမြို့နယ်ပေါင်း ၁၆၅ မြို့နယ်တွင်လည်း ပါတီရုံးခန်းများ ဖွင့်လှစ်ရန်လို အပ်ကြောင်း သိရသည်။

    လက်ရှိအချိန်အထိ စစ်ကောင်စီ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ထံ မှတ်ပုံတင်ပြီး တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် စည်းရုံးမည့်ပါတီအပါအဝင် တိုင်းဒေသကြီးနှင့် ပြည်နယ်ကိုယ်စားပြုပါတီ ၅၀ ကျော် ပါတီတည်ထောင်ခွင့် ရရှိထားကြောင်း သိရသသည်။

    တစ်ဖက်တွင်လည်း စစ်ကောင်စီမှ ရွေးကောက်ပွဲကျင်းပနိုင်ရန် ကြိုးပမ်းနေချိန်တွင် နိုင်ငံနယ်မြေ၏ ထက်ဝက်ကျော်ကို ဆုံးရှုံးနေရသလို NUG ကြားကာလ အစိုးရအပါအဝင် အတိုက်ခံအဖွဲ့တို့မှ ရွေးကောက်ပွဲကို တားဆီးမည်ဟုလည်း ပြောဆိုလျှက်ရှိသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    39,500SubscribersSubscribe

    Latest posts

    Enable Notifications OK No thanks