spot_img
Wednesday, January 7, 2026
More
    spot_img
    Homeသတင်းကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုတည်ဆောက်ရမည်ဟု RCSS ပြော

    ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ပြည်ထောင်စုတည်ဆောက်ရမည်ဟု RCSS ပြော

    -

    မြန်မာနိုင်ငံကို လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနှင့် ကိုက်ညီသော ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု တည်ဆောက်ရမှာ ဖြစ်ကြောင်း သျှမ်းပြည်ပြန်လည်ထူထောင်ရေး ကောင်စီ (RCSS/SSA) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

    ယနေ့ (ဖေဖော်ဝါရီ ၇ ရက်) တွင် ကျရောက်သော ရှမ်းပြည်အမျိုးသားနေ့သို့ ပေးပို့သည့် RCSS ဥက္ကဋ္ဌ၏ သဝဏ်လွှာတွင် ထည့်သွင်းဖော်ပြခဲ့သည်။

    ဗိုလ်ချုပ်ကြီး ယွက်စစ်က “မိမိတို့ RCSS အနေနဲ့ နိုင်ငံရေး ပြဿနာတွေကို ဆွေးနွေးခြင်း နည်းလမ်းနဲ့ ဖြေရှင်းနိုင်ရေး ပေါ်လစီ ချမှတ်ထားတဲ့အတွက် အစည်းအဖွဲ့တိုင်းနဲ့ တွေ့ဆုံဆွေးနွေးနိုင်ရေးကို အမြဲတမ်း တံခါး ဖွင့်ထားပါတယ်။ အနာဂတ်ကာလမှာ သျှမ်းပြည်ဟာ သျှမ်းပြည်တိုင်းရင်းသားတွေ စုပေါင်းတည်ထောင်တဲ့ ပြည်ထောင်စုသျှမ်းပြည် အဖြစ် တည်ဆောက်ရမှာ ဖြစ်ပါတယ်။ ပြည်ထောင်စု မြန်မာနိုင်ငံဟာလည်း လက်ရှိ ကမ္ဘာ့နိုင်ငံရေး အခင်းအကျင်းနဲ့ ကိုက်ညီတဲ့ ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို တည်ဆောက်ရမှာ ဖြစ်ပါတယ်” ဟု ပြောသည်။

    ပြည်ထောင်စုကို မိမိတို့ စုပေါင်းတည်ထောင်လာသည်မှာ ၇၇ နှစ် ပြည့်ပြီဖြစ်ကြောင်း ယင်းအတောအတွင်း ပြည်တွင်းစစ်မီး စဉ်ဆက်မပြတ် တောက်လောင်ခဲ့သည်မှာ မိမိတို့ အချင်းချင်းအကြား ရိုးသားမှု မရှိခြင်း၊ ပင်လုံစာချုပ်အတိုင်း မဆောင်ရွက်ခြင်း၊ ယုံကြည်မှု မတည်ဆောက်နိုင်ခြင်း၊ တွေ့ဆုံဆွေးနွေးခြင်း နည်းလမ်းနှင့် ပြဿနာများကို မဖြေရှင်းနိုင်ခြင်းကြောင့် ဟု ပြောသည်။

    ပြဿနာ ဖြေရှင်းနိုင်ရေးအတွက် အစိုးရနှင့် အဖွဲ့အစည်းတိုင်း ပင်လုံစာချုပ်ပါ သဘောတူညီချက်များကို စုပေါင်း အကောင်အထည်ဖော်ရမှာ ဖြစ်ကြောင်း ဗိုလ်ချုပ်ကြီး ယွက်စစ်က ပြောသည်။

    ပြီးခဲ့သည့် ၂၀၂၁ ခုနှစ်၊ ဖေဖော်ဝါရီ ၁ ရက် စစ်တပ်က အာဏာသိမ်းပြီးနောက် နယ်စပ်ဒေသများတွင် သာမက ပြည်မဒေသများအထိ တိုက်ပွဲများ အပြင်းအထန် ဖြစ်ပွားလျက်ရှိနေသည်။

    လက်ရှိတွင် အမျိုးသားညီညွတ်ရေး အစိုးရ (NUG) နှင့် စစ်ကောင်စီတို့က ဒီမိုကရေစီ ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်မည်ဟု အသီးသီး ပြောဆိုထားသလို တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့အစည်း (EAOs) ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စု၊ ကွန်ဖက်ဒရေးရှင်း စသဖြင့် တည်ဆောက်ကြမည်ဟု ပြောဆိုထားကြသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts