Homeသတင်းပဋိပက္ခကြောင့် မွန်ပြည်နယ်တွင် စစ်ဘေးရှောင် ၇၅၀၀ ကျော် တိုးလာ

ပဋိပက္ခကြောင့် မွန်ပြည်နယ်တွင် စစ်ဘေးရှောင် ၇၅၀၀ ကျော် တိုးလာ

-

မွန်ပြည်နယ်အတွင်း တိုက်ပွဲများနှင့် စစ်ကောင်စီ၏ လက်နက်ကြီးပစ်ခတ်မှုများကြောင့် ပြီးခဲ့သည့် အောက်တိုဘာလအတွင်း စစ်ဘေးရှောင် ၇၇၀၀ ခန့် တိုးလာကြောင်း Mon State Humanitarian Network MSHN အဖွဲ့ထံမှ သိရသည်။

ပဋိပက္ခများကြောင့် ပြည်နယ်အတွင်း ကျိုက်ထို၊ ဘီးလင်း၊ သထုံ၊ ကျိုက်မရော၊ သံဖြူဇရပ်၊ ရေးမြို့နယ်တို့မှ ဒေသခံ ၇၇၀၀ ကျော် ဘေးလွတ်ရာတိမ်းရှောင်နေကြရခြင်းဖြစ်သည်။

အထူးသဖြင့် ကျိုက်မရောမြို့နယ် ဂျိုင်းမြစ်ဝှမ်းဒေသတွင် စစ်ကောင်စီ၏ လက်နက်ကြီးများနှင့် လေကြောင်း ပစ်ခတ်မှုများကြောင့် စစ်ဘေးရှောင်အသစ်များ တိုးလာခြင်းဖြစ်ကြောင်း MSHN အဖွဲ့၏ အချက်အလက်များအရ သိရသည်။

၎င်းပြင် ရေးမြို့နယ်တွင် တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား တိုက်ပွဲများကြောင့်လည်း ဒေသခံအချို့ စစ်ဘေးရှောင်ကြရသည်။

MSHN မြောက်ပိုင်းမြေပြင်တာဝန်ခံ မဆောင်းက “မွန်ပြည်နယ်ထဲမှာက စစ်ကြောင်းထိုးလာရင် စစ်ဘေးရှောင်တွေရှိတယ်။ တချို့တွေက လက်နက်ကြီးကြောင့်ပေါ့နော် ရှိနေတဲ့နေရာကနေ အခြားနေရာကို စစ်ဘေးရှောင်ကြရတာတွေရှိတယ်ပေါ့နော်။ ပြီးလို့ရှိရင် အခြေအနေတွေ ငြိမ်သွားလို့ရှိရင်တော့ နေရပ်ပြန်လာကြတယ်ပေါ့။ နေရပ်ပြန်လာပြီးတော့ လုပ်ကိုင်စားသောက်ကြတယ်ပေါ့” ဟု ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလအတွင်း မွန်ပြည်နယ်တွင် စစ်ဘေးရှောင်ဦးရေနည်းပါးသော်လည်း မတရားဖမ်းဆီးခံရခြင်း၊ ထိမ်းသိန်းခံရခြင်းနှင့် လက်နက်ကြီးဖြင့် တိုက်ခိုက်ခံရသည့် ဖြစ်စဉ်များပိုများလာကြောင်း ထောက်ပြထားသည်။

၎င်းပြင် စစ်ဘေးရှောင်များလည်း နေအိမ်စွန့်ခွာနေထိုင်ကြရပြီး အမိုးအကာနှင့် စားနပ်ရိက္ခာများလိုအပ်နေကြသည်။

မွန်ပြည်နယ်အပြင် မွန်ပြည်နယ်နှင့် ထိစပ်နေသည့် ကရင်ပြည်နယ် အင်းဆိပ်ကြီးမြို့နယ်တွင်လည်း တိုက်ပွဲကြောင့် နေရပ်စွန့်ခွာထွက်ပြေးရသူ ၈,၀၀၀ ကျော်၊ တနင်္သာရီတိုင်းတွင် ၇,၀၀၀ ကျော် စစ်ဘေးတိမ်းရှောင်နေရကြောင်း MSHN ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts