spot_img
Thursday, January 8, 2026
More
    spot_img
    Homeသတင်းကျိုက်ထို မရမ်းချောင်ဂိတ်တွင် မျောက်ကျောက်ရောဂါ သံသယလူနာတစ်ဦး တွေ့

    ကျိုက်ထို မရမ်းချောင်ဂိတ်တွင် မျောက်ကျောက်ရောဂါ သံသယလူနာတစ်ဦး တွေ့

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်စစ်ဆေးရေးဂိတ်တွင် မျောက်ကျောက် (Monkeypox) ရောဂါ သံသယလူနာတစ်ဦး တွေ့ရှိကြောင်း မြို့နယ်ကျန်းမာရေးဌာနနှင့် နီးစပ်သူတို့ထံမှ သိရသည်။

    စက်တင်ဘာလ ၅ ရက်နေ့က ကရင်ပြည်နယ်၊ ဘားအံဘက်မှ ရန်ကုန်ဘက်သို့ မောင်းနှင်လာသော “ရွှေမြန်မာ” ခရီးသည်တင်မှန်လုံယာဉ်ကို စစ်ဆေးစဉ် လိုက်ပါလာသည့် အသက် ၄၅ နှစ်အရွယ် အမျိုးသားတစ်ဦး မျောက်ကျောက်ရောဂါလက္ခဏာများ တွေ့ရှိခဲ့သည်ဟု ဆိုသည်။

    “သံသယလူနာနဲ့ လိုက်ပါလာတဲ့ခရီးသည်အားလုံးကို ကျိုက်ထိုမြို့နယ်ပြည်သူ့ဆေးရုံမှာ ဆေးစစ်မှုပြုလုပ်ခဲ့ပါတယ်” ဟု မြို့နယ်ကျန်းမာရေးဌာနနှင့် နီးစပ်သူတစ်ဦးက ပြောသည်။

    သံသယလူနာသည် ပဲခူးတိုင်း၊ ပြည်မြို့နယ်ဘက်ဖြစ်ပြီး လက်ရှိတွင် သံသယလူနာ၏ ဆေးစစ်မှုအဖြေရလာဒ်ကို စောင့်ဆိုင်နေကြောင်းလည်း ဆိုသည်။

    ပြီးခဲ့သည့် စက်တင်ဘာလ ၂ ရက်နေ့ကလည်း တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့တွင် မလေးရှားနိုင်ငံမှ လေကြောင်းဖြင့် ပြန်လာသူ အမျိုးသမီးတစ်ဦး မျောက်ကျောက် (Monkeypox) ရောဂါ သံသယလက္ခဏာများ တွေ့ရှိပြီး ဆေးရုံတွင် ကြပ်မတ်ကုသလျက်ရှိသည်။

    မျောက်ကျောက်ရောဂါ (Monkeypox) ကို နိုင်ငံတကာ ပြည်သူ့ကျန်းမာရေးအရေးပေါ်အခြေအနေအဖြစ် သတ်မှတ်ကြေင်း ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) က ကြေညာခဲ့သည်။

    မျောက်ကျောက်ရောဂါ (Monkeypox) ရောဂါသည် တိရစ္ဆာန်များမှတဆင့် ကူးစက်ခြင်းနှင့် လူအချင်းချင်းကူးစက်ခြင်းဟူ၍ (၂) မျိုးရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ၎င်းပြင် မျောက်ကျောက်ရောဂါ (Monkeypox) လက္ခာဏာသည် မျက်နှာ၊ ပါးစပ်၊ လက်၊ ခြေထောက်၊ စအိုဝန်းကျင်နှင့် လိင်အင်္ဂါ အနီးဝန်းကျင်တွင် အနီကွက်များထွက်ခြင်း၊ အရည်ကြည်ဖုပေါက်ခြင်း၊ ဖျားခြင်း၊ ကိုယ်အပူချိန် ၃၈.၅ ဒီဂရီ စင်တီဂရိတ်နှင့်အထက်ပူခြင်း၊ အကျိတ်များရောင်ရမ်းခြင်း၊ လည်ချောင်းနာခြင်း၊ ခေါင်းကိုက်ခြင်း၊ ကြွက်သားနာခြင်း၊ ကျောအောင့်ခြင်း၊ မောပန်းနွမ်းနွယ်ခြင်းတို့ဖြစ်တတ်ကြောင်း နှင့် မျောက်ကျောက်ရောဂါပိုး စတင်ဝင်ရောက်ပြီး (၁) ရက်မှ (၂၁) ရက်အတွင်း ရောဂါလက္ခဏာများစတင်ဖြစ်ပွားလေ့ရှိကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,400SubscribersSubscribe
    spot_img

    Latest posts