Home သတင်း ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ တံတားငယ်တစ်စင်း ထပ်မံမိုင်းခွဲခံရ

ရန်ကုန်-မော်လမြိုင်ကားလမ်းရှိ တံတားငယ်တစ်စင်း ထပ်မံမိုင်းခွဲခံရ

မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ကမာစိုင်ကွက်သစ်ကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ တံတားငယ်တစ်စင်းသည် ယနေ့ သြဂုတ်လ ၂ ရက်နေ့ နံနက်အစောပိုင်းက မိုင်းခွဲဖျက်ဆီးခံရကြောင်း ဒေသခံတို့ထံမှ သိရသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်း မိုင်တိုင်အမှတ် (၁၃၃/၆) နှင့် (၁၃၃/၇) ကြားရှိ တံတားငယ်သည် မိုင်းခွဲခံရမှုကြောင့် တံတားတစ်စင်းလုံးပျက်ဆီးသွားသည်။

တံတားပျက်စီးသွားသည့် ရန်ကုန်-မော်လမြိုင်ကားလမ်း ဆက်သွယ်ရေးပြတ်တောက်နေပြီး နှစ်ဖက်ယာဉ်အစီးရေ ရာနှင့်ချီပြီး ပိတ်ဆို့နေကြောင်းလည်း ဒေသခံတို့က ဆိုသည်။

“ကားတွေက ရွာလမ်းတွေထဲက သွားလို့အဆင်မပြေလောက်ဘူး။ လမ်းတွေက ရေကျော်နေကြတဲ့အပြင် မြေသားလမ်းတွေဆိုတော့ ဗွက်တွေနစ်နိုင်တယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လ ၁၆ ရက်နေ့ ညပိုင်းကလည်း သထုံမြို့နယ်၊ ကရင်လေးဆိပ်ကျေးရွာအနီး၊ ရန်ကုန်-မော်လမြိုင်ကားလမ်းပေါ်ရှိ ကရင်လေးဆိပ်တံတား မိုင်းခွဲဖျက်ဆီးခံရခဲ့ပြီး လမ်းပန်းဆက်သွယ်ရေးပြတ်တောက်မှုဖြစ်ပွားခဲ့သည်။

မေလအတွင်းကလည်း ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ မစောတံတား၊ ကျုံအိတ်တံတား မိုင်းခွဲဖျက်ဆီးခံခဲ့ရပြီး လမ်းပန်းဆက်သွယ်ရေး ပြတ်တောက်သွားခဲ့သေးသည်။

ရန်ကုန်-မော်လမြိုင်ကားလမ်းပိုင်းရှိ တံတား မိုင်းခွဲဖျက်ဆီးခံရသည့် ဖြစ်စဉ်သည် မကြာခဏဖြစ်ပွားနေသည်။

NO COMMENTS

LEAVE A REPLY

Please enter your comment!
Please enter your name here

This site uses Akismet to reduce spam. Learn how your comment data is processed.