Homeသတင်းကော့ဘိန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်အမြောက်အများ ဖမ်းဆီးရမိထားဟုဆို

ကော့ဘိန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်အမြောက်အများ ဖမ်းဆီးရမိထားဟုဆို

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကော့ဘိန်းနယ်မြေရဲစခန်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင် အမြောက်အများ ဖမ်းဆီးရမိခဲ့သည်ဟု တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့က ထုတ်ပြန်ထားသည်။

ဖမ်းဆီးရမိသည့် စစ်သုံ့ပန်းများနှင့် ရဲတပ်ဖွဲ့ဝင် မိသားစုဝင်များကို စစ်ဥပဒေနှင့်အညီ ကောင်းမွန် ထိန်းသိမ်းထားပြီး မိသားစုဝင်များအား လူသားချင်းစာနာမူဆိုင်ရာ အကူအညီများ ပေးအပ် စောင့်ရှောက်ထားသည်ဟုလည်း ဆိုထားသည်။

ကော့ဘိန်းတိုက်ပွဲတွင် ဂဠုန်စစ်ကြောင်းမှ တပ်ဖွဲ့ဝင် ၁ ဦး သေဆုံးသွားခဲ့ပြီး ပူးပေါင်းတပ်ဖွဲ့မှ ၂ ဦး ထိခိုက်ဒဏ်ရာ (မစိုးရိမ်ရ ) ရရှိခဲ့သည်ဟု ထုတ်ပြန်ထားသည်။

ကော့ဘိန်းနယ်မြေရဲစခန်းကို ဂဠုန်စစ်ကြောင်း၊ မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) (AD) မွန်ပြည်လွတ်မြောက်ရေးတပ်တော်(MLA)၊ KNLA ၊ KNDO၊ ကျားဖြူစစ်ကြောင်း၊ Lion Battalion စစ်ကြောင်း၊ Alphabet Fixed Wing Drone တပ်ဖွဲ့၊ Saw Dragon Drone ပူးပေါင်းတပ်ဖွဲ့တို့က မတ်လ ၂၄ ရက်နေ့ နံနက်ပိုင်းက စတင်တိုက်ခိုက်ခဲ့ရာ မတ်လ ၂၅ ရက်နေ့ နေ့လည်ပိုင်းက စခန်းကို သိမ်းပိုက်နိုင်ခဲ့သည်။

တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က လေယာဉ်၊ လက်နက်ကြီးများ၊ ရေတပ်စစ်သ‌င်္ဘောမှ လက်နက်ကြီးများဖြင့် ရမ်းသမ်းပစ်ခတ်မှုကြောင့် ပြည်သူ ၁ ဦး သေဆုံးကာ နေအိမ် အမြောက်အများ မီးလောင် ပျက်စီး ဆုံးရှံးခဲ့ရသည်။

လက်ရှိတွင် ကော့ဘိန်းဒေသတွင်း စစ်ကောင်စီဘက်က လေယာဉ်နှင့် လက်နက်ကြီးဖြင့် ဆက်တိုက်ပစ်ခတ်နေသလို အင်းအား ၁၀၀ ခန့်ရှိသည့် စစ်ကြောင်းလည်း ကော့ဘိန်းဒေသတွင်းသို့ ဝင်ရောက်လာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

တိုက်ပွဲနှင့် စစ်ကောင်စီစစ်ကြောင်းဝင်ရောက်လာနေသည့်အတွက် ကော့ဘိန်းနှင့် အနီးနားရှိ ဓမ္မသ၊ တရနာ၊ ကော့စွယ်၊ ကော့သတ် အစရှိသည့် ကျေးရွာတို့မှ ဒေသခံပြည်သူများ ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်နေကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts