Homeသတင်းရေး-သံဖြူဇရပ်လမ်းမကြီး အာယုတောင်ကျေးရွာအနီးတွင် ၁ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့

ရေး-သံဖြူဇရပ်လမ်းမကြီး အာယုတောင်ကျေးရွာအနီးတွင် ၁ နာရီကျော်ကြာ ပစ်ခတ်မှုဖြစ်ပွားခဲ့

-

မွန်ပြည်နယ်၊ ရေးမြို့နယ် အာယုတောင်ကျေးရွာနှင့် စုံနံ့သာကျေးရွာအကြားရှိ ခံသင်းတံတားအနီးတွင် လက်နက်ကိုင်တော်လှန်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်တို့ကြား ပစ်ခတ်တိုက်ပွဲမှု ဖြစ်ပွားခဲ့သည်ဟု သိရသည်။

ယနေ့ မတ်လ ၂၅ ရက်နေ့ နံနက် ၆ နာရီ ၄၅ မိနစ်အချိန်ခန့်တွင် တစ်ဖက်နှင့်တစ်ဖက် ၁ နာရီကျော်ကြာ လက်နက်ကြီး၊ လက်နက်ငယ်ဖြင့်ပစ်ခတ်မှုဖြစ်ပွားခဲ့သည်ဟု မော့ကနင်ဒေသခံတစ်ဦးက ပြောသည်။

“ပစ်ခတ်မှု ၁ နာရီကျော်လောက်ဖြစ်သွားတာ လက်နက်ကြီးရော လက်နက်ငယ်ရောပဲပစ်ခတ်နေတာ၊ ခြံသွားရင်းပစ်ခတ်နေတော့လှည့်ပြန်လိုက်တာဘယ်အဖွဲ့နဲ့ဖြစ်တယ်ဆိုတာကမသိနေဘူး ”ဟု ၎င်းကဆိုသည်။

တစ်ဖက်နှင့်တစ်ဖက် ပစ်ခတ်နေစဉ်တွင် ရေး- သံဖြူဇရပ်ကားလမ်းမပေါ်ရှိ
ခရီးသွားယာဉ်ကြီး၊ယာဉ်ငယ်များ ပိတ်မိနေသည့်ပြီး အနီးနားပတ်ဝန်းကျင်ရှိ ဒေသခံတို့လည်း အသွားအလာမပြုရဲကြကြောင်း ၎င်းကဆက်ပြောသည်။

အာယုတောင်တွင် စစ်ကောင်စီအခြေစိုက် ခမရ ၃၄၃ တပ်ရင်းရှိနေပြီး ထိုတပ်ရင်းမှ ပစ်ခတ်မှုဖြစ်ပွားနေစဉ်အတွင်း လက်နက်ကြီးဖြင့် ပစ်ကူခဲ့သေးကြောင်း ဒေသခံတို့ကြား ပြောဆိုလျှက်ရှိသည်။

လက်ရှိပစ်ခတ်မှုဖြစ်စဉ်နှင့် ပတ်သတ်ပြီး မည်သည့် တော်လှန်ရေး ပူးပေါင်းတပ်ဖွဲ့မှ ထုတ်ပြန်ထားခြင်းမရှိသလို ထိခိုက်ဒဏ်ရာရရှိမှု အခြေအနေတို့လည်း အတည်ပြုနေဆဲဖြစ်သည်။

လက်ရှိတွင် ရေး-သံဖြူဇရပ်လမ်းမ အာယုတောင်ကျေးရွာအနီးရှိ ကားလမ်းကြီးတွင် ကားများဖြတ်သန်းသွား လာနိုင်ပြီး ပစ်ခတ်မှုပြန်လည် ငြိမ်သက်လျှက်ရှိကြောင်း ဒေသခံတို့က ဆိုသည်။

ပြီးခဲ့သည့် ဖေဖော်ဝါရီလ ၁၉ ရက်နေ့တွင် မွန်ငြိမ်းချမ်းရေးကာကွယ်တပ်ဖွဲ့၏ ခံသင်းတံတားဂိတ်ကို ရေးဘီးလူအဖွဲ့က လာရောက်တိုက်ခိုက်ခဲ့ရာ ရေးမြို့နယ် အာယုတောင်အခြေစိုက် ခမရ ၃၄၃ တပ်ရင်းမှ လက်နက်ကြီးဖြင့် ပြန်လည်ပစ်ခတ်မှု ဖြစ်ပွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts