Homeသတင်းလုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ရပ်နားထားမည်။

လုံခြုံရေးအခြေအနေကြောင့် ရထားခရီးစဉ်များ ရပ်နားထားမည်။

-

လုံခြုံရေးအခြေအနေကြောင့် မော်လမြိုင်-ရန်ကုန်၊ ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များကို ရပ်နားထားမည်ဟု မော်လမြိုင်ဘူတာကြီးထံမှ သိရသည်။

သထုံမြို့နယ်၊ မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မတ်လ ၁၈ ရက်နေ့ နံနက်ပိုင်းက မိုင်းခွဲဖျက်ဆီးခံရပြီးနောက် ရန်ကုန်-မော်လမြိုင် ရထားခရီးစဉ်များ ယာယီဖျက်သိမ်းထားခဲ့ရသည်။

မိုင်းခွဲဖျက်ဆီးခံရမှုကြောင့် ပျက်စီးသွားသည့် ရထားလမ်းပိုင်းကို မတ်လ ၂၃ ရက်နေ့တွင် ပြင်ဆင်ပြီးဖြစ်သော်လည်း ရထားလမ်းပိုင်း လုံခြုံရေးအခြေနေကြောင့် ရထားခရီးစဉ်များကို ဆက်လက်ရပ်ထားမည်ဖြစ်သည်။

“လတ်တလောတွင် ရထားလမ်းပိုင်း လုံခြုံရေးအခြေနေကြောင့် ရထားခရီးစဉ်များကို ယာယီဖျက်သိမ်းထားမည်” ဟု မော်လမြိုင်ဘူတာကြီးက ထုတ်ပြန်ထားသည်။

ရထားခရီးစဉ်များကို မည်သည့်အချိန်ထိ ရပ်နားထားမည်ကို ထုတ်ပြန်ထားခြင်းမရှိပဲ ရထားပြန်လည်ပြေးဆွဲမည့်ရက်ကို ပြန်လည်ကြေညာပေးသွားမည်ဟုလည်း ဆိုထားသည်။

မိုးကောင်းကျေးရွာအနီး ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း မိုင်းခွဲခံရမှုကြောင့် ရထားလမ်း ပေ ၂၀ ခန့် ပျက်စီးသွားသလို ရထားတွဲဆိုင်း ၅ တွဲ တိမ်းမှောက်သွားပြီး တွဲဆိုင်း ၂ တွဲ လမ်းချော်သွားခဲဴရသည်။

ရန်ကုန်-မော်လမြိုင်ရထားလမ်းပိုင်း ပေါင်မြို့နယ်၊ သထုံမြို့နယ်၊ ဘီးလင်းမြို့နယ်နှင့် ကျိုက်ထိုမြို့နယ်အတွင်းက ရထားလမ်းနှင့် ရထားများ မကြာခဏမိုင်းခွဲခံရလေ့ရှိသည်။

ရထားလမ်းပိုင်း မိုင်းခွဲခံရမှုကြောင့် ရထားခရီးစဉ် မကြာခဏရပ်နားရသည့်အတွက် ရထားကိုသာ အဓိကထား သွားလာနေရသည့် ခရီးသွားပြည်သူများအတွက် အခက်အခဲဖြစ်စေသည်ဟု ရထားဖြင့် ခရီးနေသူတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts