spot_img
Friday, February 14, 2025
More
    spot_img
    Homeသတင်းအမျိုးသမီးများကို စစ်မှုထမ်းခေါ်ယူခြင်းမရှိသေးသည့် ထုတ်ပြန်ချက်အပေါ် အယုံကြည်မရှိ

    အမျိုးသမီးများကို စစ်မှုထမ်းခေါ်ယူခြင်းမရှိသေးသည့် ထုတ်ပြန်ချက်အပေါ် အယုံကြည်မရှိ

    -

    အာဏာသိမ်းစစ်ကောင်စီမှ အမျိုးသမီးများကို စစ်မှုထမ်းခေါ်ယူရန် မရှိသေးဟု ပြီးခဲ့သည့် ဖေဖော်ရီလ (၂၀) ရက်နေ့က ထုတ်ပြန်ပြောဆိုလာသည့်အပေါ် အယုံကြည်မရှိကြောင်း စစ်မှုထမ်းအသက်တွင် အကျုံးဝင်နေသည့် အမျိုးသမီးတို့က ဆိုသည်။

    ၂၀၁၉ ခုနှစ်ကြားဖြတ်သန်ခေါင်းစာရင်အရ ပြည်သူ့စစ်မှုထမ်းဥပဒေကို ထမ်းဆောင်နိုင်သည့် အင်အား ၁၃ သန်းရှိသည့်အနက် အမျိုးသား ၆ သန်းကျော်မှ ၁ ရာခိုင်နှုန်းကိုသာ အလှည့်ကျ ခေါ်ယူရန်ရှိကြောင်း ဗိုလ်ချုပ်ဇော်မင်းထွန်းမှ ၎င်းတို့မီဒီယာမှတစ်ဆင့် ပြောဆိုခဲ့သည်။

    စစ်ကောင်စီအဖွဲ့၏ ထုတ်ပြန်ပြောဆိုချက်သည် နိုင်ငံရေးအခြေအနေပေါ်မူတည်ပြီး ပြောင်းလဲပြောဆိုနေခြင်းကြောင့် စိတ်ချရသည့် အခြေအနေမဟုတ်ကြောင်း စစ်မှုထမ်းအသက်တွင် အကျုံးဝင်နေသည့် သဖြူဇရပ်မှ အမျိုးသမီးတစ်ဦးက ဆိုသည်။

    ‘ သူတို့ထုတ်တဲ့ ထုတ်ပြန်ချက်တွေက အမြဲတမ်းပြောင်းလဲလို့ရတဲ့ အရာတွေလေ၊ ယုံရမလား မယုံရဘူးလားဆိုတာလည်း သေချာ မသိဘူး၊ လောလောဆယ် အသွားအလာအနေအထိုင် အကုန်လုံးဆင်ခြင်ရတယ်’ ဟု ဆိုသည်။

    ၎င်းအပြင် အိမ်ထောင်စုစာရင်းမှတစ်ဆင့် အချိန်မရွေးဆွဲခေါ်နိုင်ခြင်းကြောင့် လတ်တလော အိမ်ထောင်စုစာရင်း ဝင်ရောက်စစ်ဆေးနေခြင်းသည် သတိပြုရမည့် အချက်ဖြစ်ကြောင်းလည်း ၎င်းအမျိုးသမီးက ဆိုသည်။

    ထို့ကြောင့် အရေးပေါ်အခြေအနေတွင် အမျိုးသမီးအရေးလှုပ်ရှားနေသည့်အဖွဲ့အစည်းတို့အပြင် ဆက်သွယ်ရမည့် ( Hotline) ဖုန်းနံပါတ်တို့လည်း ကြိုတင်ပြင်ဆင်သင့်ကြောင်း အမျိုးသမီးအရေး ဆောင်ရွက်နေသူတစ်ဦးက တိုက်တွန်းထားသည်။

    ‘အဓိက communication ရှိနေရမယ် ဘယ်လိုဆက်သွယ်မလဲ ၊ ကိုယ်ဘယ်မှာရှိနေလဲဆိုတ အဆာက်သွယ်မပြတ်စေဖို့ ဖြစ်လာလို့ရှိရင်လည်း ကိုယ်ဖြစ်ကိုယ်ခံတာမဟုတ်ဘဲ ဝိုင်းဝန်းဖော်ထုတ်ကြဖို့ပေါ့ ၊ ကျမတို့လည်း ဒါတွေနဲ့ပတ်သတ်ပြီး သင်တန်းတွေ အသိပညာပေးဆောင်ရွက်သွားဖို့ရှိပါတယ်’ ဟု ဆိုသည်။

    စစ်မှုထမ်းဥပဒေနှင့်ပတ်သတ်ပြီး လူငယ်တို့ဘေးကင်းရာကို လွတ်မြောက်ရန် ဝိုင်းဝန်းဆောင်ရွက်နေသည့် လူမှုအဖွဲ့အစည်းတို့နှင့် ချိတ်ဆက်ဆောင်ရွက်သွားရန်လည်း တိုက်တွန်းပြောဆိုထားသည်။

    အသက်ပြည့်သည့်နိုင်ငံသားတိုင်း မဖြစ်မနေ စစ်မှုထမ်းရမည့်ဥပဒေကို စတင်ကျင့်သုံးသွားမည်ဖြစ်ကြောင်း ဖေဖော်ဝါရီလ ၁၀ ရက်နေ့တွင် စစ်ကောင်စီက ကြေညာခဲ့သည်။

     လက်ရှိတွင် ၎င်းဥပဒေကြောင့် လူငယ်များသာမက အသက်မပြည့်သေးသည့် ကျောင်းနေအရွယ်လူငယ်များပါ အိမ်နီးချင်းပြည်ပနိုင်ငံများသို့ အစုလိုက် ထွက်ပြေးတိမ်းရှောင်လျှက်ရှိကြောင်း သိရသည်။

    စစ်မှုထမ်းဥပဒေကြောင့် တိမ်းရှောင်လိုသည့် လူငယ်တို့အတွက် မွန်ပြည်ဖက်ဒရယ်ကောင်စီ(MSFC)မှ စတင်လက်ခံနေပြီဖြစ်ကြောင်း သိရသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    32,900SubscribersSubscribe
    spot_img

    Latest posts