Homeသတင်းKNU ထိန်းချုပ်နယ်မြေတွင် တနှစ်အတွင်း အရပ်သား ၂၀၀ နီးပါး သတ်ဖြတ်ခံရ

KNU ထိန်းချုပ်နယ်မြေတွင် တနှစ်အတွင်း အရပ်သား ၂၀၀ နီးပါး သတ်ဖြတ်ခံရ

-

ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေတွင် ၂၀၂၃ ခုနှစ် တနှစ်အတွင်း စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် အရပ်သား ၂၀၀ နီးပါး သေဆုံးသွားခဲ့သည်ဟု KNU ဗဟိုက ဇန်နဝါရီလ ၁၈ ရက်နေ့က ထုတ်ပြန်သည်။

စစ်ကောင်စီတပ်သည် ပြည်သူလူထုအပေါ် လေကြောင်းတိုက်ခိုက်မှု၊ လက်နက်ကြီးလက်နက်ငယ်ပစ်ခတ်မှု၊ မိုင်းထောင်မှု၊ ပေါ်တာနှင့် လူသားဒိုင်းအဖြစ် အသုံးပြုမှု၊ ဖမ်းဆီးညှင်းပန်း နှိပ်စက်မှုအပါအဝင် လူအခွင့်အရေးချိုးဖောက်မှု အမျိုးအစား ၁၈ မျိုးကို အကြိမ်ရေ ၃၁၂၅ ကြိမ်ထပ်မနည်းကျူးလွန်ခဲ့သည်ဟု ဆိုသည်။

စစ်ကောင်စီတပ် လူ့အခွင့်အရေးချိုးဖောက်မှုများကြောင့် ဒေသခံပြည်သူ ၁၉၇ ဦး အကြောင်းမဲ့ ဖမ်းဆီးခြင်းခံခဲ့ရပြီး၊ ၁၉၅ ဦး အသက်သေဆုံးခဲ့ရကာ ၆၆၁ ဦး ထိခိုက် ဒဏ်ရာရရှိခဲ့ရသည်ဟု ထုတ်ပြန်ထားသည်။

၎င်းပြင် ဘုရားကျောင်း ၁၈ ကျောင်း၊ ဘုန်းကြီးကျောင်း ၂၅ ကျောင်း၊ ဗလီ ၁ ကျောင်း၊ စာသင်ကျောင်း ၁၆ ကျောင်း၊ ဆေးပေးခန်း ၂ လုံး၊ ဆေးရုံ ၅ လုံး၊ ပြည်သူပိုင်အဆောက်အဦး ၉၁ လုံး၊ စိုက်ပျိုးခြံ ၁၁ ခြံ၊ အိမ် ၁၈၆၉ လုံး ထက်မနည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့ရသည်။

အထက်ပါ အချက်အလက်များသည် KNU ကကောက်ယူရရှိထားသည့်အချက်အလက်များသာဖြစ်ပြီး မြေပြင်တွင် ယခုကောက်ခံရရှိထားသော အချက်အလက်များထက် ထိခိုက်ပျက်စီးဆုံးရှံးမှု များနိုင်သည်ဟု KNU က ထုတ်ပြန်ထားသည်။

၂၀၂၃ ခုနှစ်တွင် KNU နယ်မြေအတွင်းသို့ ဝင်ရောက်ကျူးကျော်တပ်စွဲထားသော စစ်ကောင်စီတပ်များနှင့် ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA)၊ ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (KNDO) နှင့် တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့တို့ကြား တိုက်ပွဲကြီးတိုက်ပွဲငယ်ပေါင်း ၄၆၂၃ ကြိမ်ထပ်မနည်းဖြစ်ပွားခဲ့သည်။

တိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဘက်မှ အရာရှိအရာခံအပါအဝင် ၅၀၀၀ သေဆုံးပြီး ၃၃၄၅ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ရသလို တော်လှန်ရေးပူးပေါင်းတပ်ဖွဲ့ဘက်က ၁၅၄ ဦး သေဆုံးသွားခဲ့ပြီး ၆၀၀ နီးပါး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု KNU ထုတ်ပြန်ချက်တွၚ် ပါရှိသည်။

တိုက်ပွဲများအတွင်း အဘက်ဘက်မှ ရှုံးနိမ့်လာရသော စစ်ကောင်စီတပ်များသည် ပြည်သူလူထုကို အညှိုးကြီးစွာ ရန်သူသဖွယ် ပစ်မှတ်ထားပြီး လက်နက်ကြီး ပစ်ခတ်တိုက်ခိုက်ခြၚ်း၊ လေကြောင်းတိုက်ခိုက်ခြင်းများ တစ်နေ့တစ်ခြား တိုးမြှင့်လုပ်ဆောင်လာသည့်အတွက် KNU နယ်မြေအတွင်း စစ်တပ်အာဏာသိမ်းသည့် သုံးနှစ်တာကာလအတွင်း နေရပ်စွန့်ခွာ ထွက်ပြေးတိမ်းရှောင်ရသူ ၇ သိန်းခွဲကျော်အထိရှိလာခဲ့သည်ဟု KNU က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts