spot_img
Monday, February 2, 2026
More
    spot_img
    Homeသတင်းမိုင်းဆွဲတိုက်ခိုက်ခံရပြီး မောင်မယ်ရှောင်ရွာခံများကို စစ်ကောင်စီတပ် ရိုက်နှက်စစ်ဆေး

    မိုင်းဆွဲတိုက်ခိုက်ခံရပြီး မောင်မယ်ရှောင်ရွာခံများကို စစ်ကောင်စီတပ် ရိုက်နှက်စစ်ဆေး

    -

    တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ် ရန်ကုန်-ထားဝယ်ကားလမ်းပေါ်ရှိ မောင်မယ်ရှောင်ရွာအနီးတွင် စစ်ကောင်စီယာဉ်တန်း မိုင်းဆွဲတိုက်ခိုက်ခံရပြီးနောက် ရွာခံ ၂၀ ဦးခန့်ကို စစ်ကောင်စီတပ်က ရိုက်နှက်စစ်ဆေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များထံမှ သိရသည်။

    အင်အား ၁၀၀ ခန့် ပါဝင်သည့် စစ်ကောင်စီယာဉ်တန်းသည် မောင်မယ်ရှောင်ရွာမှ ဇဟာရွာဘက်သို့ ဖြတ်သွားစဉ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF တို့က ဇန်နဝါရီလ ၁၈ ရက်နေ့က မိုင်းဆွဲတိုက်ခိုက်ခဲ့သည်။

    ထိုတိုက်ခိုက်မှုဖြစ်ပွားပြီးနောက် စစ်ကောင်စီတပ်တို့က မောင်မယ်ရှောင်ရွာထဲ ဝင်ရောက်လာပြီး ၂ နှစ်အရွယ်ကလေးအပါအဝင် ဒေသခံ ၂၀ ခန့်ကို ရိုက်နှက်စစ်ဆေးခဲ့ကြောင်း လောင်းလုံးပကဖ တာဝန်ခံက ဆိုသည်။

    “မိုင်းဆွဲခံရပြီးတော့ သူတို့ရွာထဲကိုဝင်လာတယ်။ ၂ နှစ်အရွယ်ကလေးရော အယောက် ၂၀ လောက်ကို ထိုင်ခိုင်းထားတယ်။ ရိုက်နှက်ပြီး စစ်တာပေါ့ဗျာ။ စစ်ပြီးတော့ အားလုံးတော့ပြန်လွတ်တယ်။ ရွာက ဆိုင်ကယ်တွေကိုလည်း ကားပေါ်တင်သွားသေးတယ်” ဟု ၎င်းက ပြောသည်။

    စစ်ကောင်စီက ဆိုင်ကယ် အစီး ၅၀ ဝန်းကျင်နှင့် ရွာသားများ၏ လက်ကိုင်ဖုန်းများကိုလည်း သိမ်းဆည်းသွားကြောင်းလည်း ၎င်းက ဆက်ပြောသည်။

    ဒေသခံများအားလုံး ပြန်လည်လွတ်မြောက်ခဲ့သော်လည်း စစ်ကောင်စီတပ်များ နောက်ထပ် ပြန်လည်ဝင်ရောက်လာမည်ကို ဒေသခံတို့က စိုးရိမ်နေကြောင်း သိရသည်။

    ပြီးခဲ့သည့် နိုဝင်ဘာလမှစတင်ကာ စစ်ကောင်စီစစ်ကြောင်းနှင့် ယာဉ်တန်းများ မောင်မယ်ရှောင်ရွာနှင့် အနီးတစ်ဝိုက်တွင် မကြာခဏ စစ်ကြောင်းထိုး နယ်မြေရှင်းလင်းရေးလုပ်ဆောင်နေကြောင်း ဒေသခံများထံမှ သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,700SubscribersSubscribe
    spot_img

    Latest posts

    Enable Notifications OK No thanks