Homeသတင်းလောင်းလုံးမြို့နယ် ညောပြင်ရွာ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

လောင်းလုံးမြို့နယ် ညောပြင်ရွာ နေအိမ်များကို စစ်ကောင်စီတပ် မီးရှို့

-

တနင်္သာရီတိုင်းဒေသကြီး၊ လောင်းလုံးမြို့နယ်၊ ညောပြင်ကျေးရွာရှိ နေအိမ်များကို စစ်ကောင်စီတပ်က မီးရှို့ခဲ့ကြောင်း ဒေသခံအချို့တို့ထံမှ သိရသည်။

စစ်ကောင်စီတပ်တို့သည် ဇန်နဝါရီလ ၈ ရက်နေ့ နေ့လည် ၁၀ နာရီခွဲအချိန်ခန့်က ဖိုးဖိုးကျောက်ကမ်းခြေရှိ ရေလုပ်သားတဲများကို မီးရှို့ခဲ့ပြီးနောက် ညနေ ၅ နာရီအချိန်ခန့်တွင် ညောပြင်ကျေးရွာထဲ ဝင်ကာ ရွာရှိ နေအိမ်များကို မီးရှို့ခဲ့ကြောင်း ဒေသခံတစ်ဦးက ပြောသည်။

“သူတို့က ညနေကတည်းက နေအိမ်တွေကို မီးစရှို့နေတာ ည ၇ နာရီကျော်ကျော်ထိပဲ။ မီးအားတွေတော်တော်ပြင်းပြီး မီးလုံးတော်တော်ကြီးတယ်။ ကြည့်လိုက်ရင် ရွာလုံးကျွတ်နီးပါးကိုဖြစ်နေတာ” ဟု ၎င်းက ပြောသည်။

စစ်ကောင်စီတပ် မီးရှို့မှုကြောင့် ညောပြင်ကျေးရွာမှ နေအိမ်အလုံး ၁၀၀ ထက်မနည်း ပျက်စီးသွားခဲ့သည်ဟု သိရသည်။

စစ်ကောင်စီတပ်သည် ဇန်နဝါရီလ ၇ ရက်နေ့ ညနေပိုင်းကတည်းကပင် ညောပြင်ကျေးရွာ၊ ဖိုးဖိုးကျောက်ကမ်းခြေသို့ စစ်ကြောင်းထိုး ဝင်ရောက်လာနေခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီတပ်သည် လောင်းလုံးမြို့နယ် တောင်ဘက်ရှိ ကျေးရွာများသို့ အင်အားအလုံးအရင်းဖြင့် စစ်ကြောင်းထိုးနေသည်မှာ ၁၄ ရက် ကြာမြင့်လာပြီးဖြစ်သည်။

ပြီးခဲ့သည့် ၁၀ ရက်အတွင်းကလည်း စစ်ကောင်စီတပ်တို့သည် လောင်းလုံးမြို့နယ် စစ်ပြဲ၊ လေးသွန်းခံ၊ ဟင်းချိုတော၊ သံလျှင်နှင့် သကျက်တောရွာရှိ နေအိမ် ၄၀ နီးပါးကိုလည်း မီးရှို့ဖျက်ဆီးခဲ့သေးသည်။

ပြီးခဲ့သည့် ၂၀၂၃ ခုနှစ်၊ မတ်လတွင် စစ်ကောင်စီတပ်နှင့် ပျူစောထီးအဖွဲ့တို့ ပူးပေါင်းပြီး ညောပြင်ကျေးရွာကို မီးရှို့ခဲ့သေးကြောင့် အိမ်ခြေ ၉၀ ကျော် မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,500SubscribersSubscribe

Latest posts