spot_img
Tuesday, January 20, 2026
More
    spot_img
    Homeသတင်းတိုက်ပွဲကြောင့် မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးထပ်တက်လာ

    တိုက်ပွဲကြောင့် မွန်ပြည်နယ်တွင် အခြေခံစားသောက်ကုန်များ ဈေးထပ်တက်လာ

    -

    နိုဝင်ဘာ ၂၂၊ ၂၀၂၃

    မွန်ပြည်နယ်တွင် တိုက်ပွဲကြောင့်နှင့် ထိုင်ဘတ်ဈေး မြင့်တက်လာသည့်နောက်ပိုင်း အခြေခံစားသောက်ကုန်များ၊ ထိုင်းကုန်ပစ္စည်းများ ဈေးထပ်တက်လာသည်ဟု စားသုံးသူနှင့် ကုန်စည်ရောင်းဝယ်သူတို့ထံမှ သိရသည်။

    မွန်ပြည်နယ်၊ ကျိုက်မရောမြို့နယ်၊ ချောင်းနှစ်ခွကျေးရွာရဲစခန်းနှင့် ချောင်းနှစ်ခွတံတားဂိတ်ကို ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့ ဝင်ရောက်တိုက်ခိုက်ခဲ့သည့် နိုဝင်ဘာလ ၁၀ ရက်နေ့ကစပြီး တိုက်ပွဲနေ့စဉ်ဖြစ်ပွားနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

    တိုက်ပွဲကြောင့် လမ်းများပိတ်ထားသည့်အတွက် ဒေသခံပြည်သူများ သွားလာရေးနှင့် စားနပ်ရိက္ခာသယ်ယူရေးအတွက် အခက်ခဲကြုံနေရသည်ဟု ကျိုက်မရောဒေသခံတို့က ပြောသည်။

    “လမ်းလည်းမဖွင့်သေးတော့ ရွာမှာ ကျန်‌နေတာနဲ့ပဲ ရောင်းဝယ်စားသောက်နေရတာ၊ တိုက်ပွဲကြောင့်ဆိုပြီး စျေးအများကြီး မတင်ဘူး။ ရွာကလူတွေအတွက်ပဲဆိုတော့ စျေးတင်ရောင်းတာတော့မရှိပါဘူး။ ကုန်ပစ္စည်းတွေ တင်သွင်းလို့တော့ မရသေးဘူး” ဟု ကျိုက်မ‌ရောဒေသခံတစ်ဦးက ပြောသည်။

    သွားလာရေးခက်ခဲလာပြီး အခြေခံစားသောက်ကုန်များ သယ်ယူပို့ဆောင်ရန် ခက်ခဲလာသည့်အတွက် အခြေခံစားသောက်ကုန်ပစ္စည်းများ ဈေးတက်လာကြောင်း ဒေသခံတို့ထံမှ သိရသည်။

    ခလယ်-တံခွန်တိုင်ဒေသ နောင်ဒေ့ကျေးရွာခံတစ်ဦးက “ကုန်ပစ္စည်းတွေ အကုန်ဈေးတက်နေတယ်။ ထိုင်းထုတ်ကုန်တွေလည်း စျေးတက် အရင်က မြဝတီဘက်ကနေတင်သွင်းတာ ခုက ချောင်းနှစ်ခွဘက် သွားလို့မရတော့၊ မုဒုံ-အဘစ်‌လမ်းကနေပတ်ပြီးသွားလာရတော့ ကုန်စျေးနှုန်းတွေလည်း တက်လာတယ်” ဟု ဆိုသည်။

    တိုက်ပွဲသည် အခြားမြို့များသို့လည်း ကူးစက်ဖြစ်ပွားလာနိုင်သည်ဆိုသည့်သတင်းများ ထွက်ပေါ်နေသည့်အတွက်ကြောင့်လည်း ဒေသခံပြည်သူများ ဆန်နှင့် အခြားအခြေခံစားသောက်ကုန်များ ဝယ်ယူစုဆောင်းနေကြသည့်အတွက်လည်း ကုန် ၎င်းပြင် မွန်ပြည်နယ်အပါအဝင် နိုင်ငံအနှံ့ဖြစ်ပွားနေသည့် တိုက်ပွဲကြောင့် မြန်မာကျပ်ငွေတန်ဖိုးကျပြီး ထိုင်းဘတ်ဈေးမြင့်တက်လာသည့်အတွက် ထိုင်းကုန်ပစ္စည်းများ ဈေးလိုက်တက်လာခဲ့သည်။

    ထိုင်းဘတ်ဈေးသည် မြန်မာငွေတစ်သိန်းလျှင် ထိုင်းဘတ် ၁၁၀၀ ကျော်ရှိရာမှ နိုဝင်လဘာ ဒုတိယအပတ်ကစပြီး မြန်မာကျပ်ငွေတစ်သိန်းလျှင် ထိုင်းဘတ် ၁၀၀၀ ဝန်းကျင်အထိရှိသည်။

    “တိုက်ပွဲဖြစ်လို့ လမ်းပိတ်တာနဲ့ ပြည်တွင်းထုတ်ကုန်တွေက ချက်ချင်းစျေးတက်သွားရောပဲ။ မွန်ပြည်နယ်မှာ မထွက်တဲ့ ကြက်သွန်နီတို့၊ ကြက်သွန်ဖြူတို့ဆိုရင် တစ်ဝက်လောက် ဈေးတက်သွားတယ်။ အရင်ကကြက်သွန်ဖြူတစ်ပိဿကို ၈၀၀၀ ပဲ။ အခု ၁၅၀၀၀ လောက် ဖြစ်သွားတယ်။ ထိုင်းထုတ် ဆီတစ်ဗူးဆိုရင် ၅၀၀ လောက်တက်သွားတယ်” ဟု ရေးမြို့မှ ကုန်စုံဆိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။

    လက်ရှိတွင် ဈေးကွက်အတွင်း ထိုင်းကုန်ပစ္စည်းများ အမျိုးအစားအေါ်မူတည်ပြီး ပစ္စည်းတမျိုးလျှင် ကျပ် ၅၀၀ မှ ကျပ် ၃၀၀၀ ဝန်းကျင်အထိ ဈေးတက်လာခဲ့သည်ဟုလည်း သိရသည်။

    ဆက်စပ်သတင်း

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    38,500SubscribersSubscribe
    spot_img

    Latest posts