Homeသတင်းထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦး ထောင်ဒဏ် ၁၅ နှစ်ချမှတ်ခံရ

-

ထားဝယ်တက္ကသိုလ်ကျောင်းသားတစ်ဦးကို စစ်ကောင်စီက ထောင်ဒဏ် ၁၅ နှစ် ချမှတ်လိုက်ကြောင်း နီးစပ်သူတို့ထံမှ သိရသည်။

ထားဝယ်တက္ကသိုလ်၊ ဒဿနိကဗေဒဘာသာရပ်အထူးပြု ဒုတိယနှစ်ကျောင်းသားဖြစ်သူ အသက် ၂၁ နှစ်အရွယ် ကိုလင်းထက်ဖြိုးကို ထားဝယ်အကျဥ◌်းထောင် တရားရုံးက အောက်တိုဘာ ၁၆ ရက်နေ့က အမိန့်ချမှတ်လိုက်ခြင်း ဖြစ်သည်။

ကိုလင်းထက်ဖြိုးကို ဇူလိုင်လ ၂၆ ရက်နေ့က ထားဝယ်မြို့၊ ညောင်ရမ်းတောင်ရပ်ကွက်ရှိ နေအိမ်တွင် စစ်ကောင်စီတပ်တို့က လာရောက်ဖမ်းဆီးခဲ့သည်။

ယင်းနောက် တစ်လခန့်အကြာတွင် ကိုလင်းထက်ဖြိုးကို အကြမ်းဖက်အဖွဲ့အစည်းများကို ဆက်သွယ်တာ၊ ငွေကြးထောက်ပံ့မှုတာဆိုသည့် စွပ်စွဲချက်ဖြင့် အကြမ်းဖက်မှုတိုက်ဖျက်ရေး ဥပဒေပုဒ်မ ၅၀ (ည)၊ ပုဒ်မ ၅၂ (က) တို့နှင့် တရားစွဲဆိုခဲ့သည်။

ယခုအမိန့်ချခြင်းသည် အပြီးသတ်အမိန့်ဖြစ်ပြီး နောက်ထပ်တရားစွဲထားသည့် ပုဒ်မများ မရှိတော့ကြောင်း သိရသည်။

ကိုလင်းထက်ဖြိုးသည် ထားဝယ်လူငယ် DJ တစ်ဦးဖြစ်ပြီး စစ်တပ်အာဏာမသိမ်းခင်က ကျောင်းပွဲတွေ၊ ထားဝယ်မြို့ပေါ်က အပျော်တမ်းပွဲတွေမှာ DJ လိုက်တီးလေ့ရှိသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင် စစ်ကောင်စီကိုဆန့်ကျင်လှုပ်ရှာမှုတွေမှာ ပါဝင်လာခဲ့သူဖြစ်သည်ဟု သိရသည်။

စစ်အာဏာသိမ်းပြီးနောက် ထားဝယ်တက္ကသိုလ်မှ ကျောင်းသား၊ ကျောင်းသူ ၃၀ နီးပါး ဖမ်းဆီးခံရပြီး ထောင်ဒဏ်အသီးသီးချမှတ်ခံထားရသည်ဟု Dawei Watch သတင်းဌာနက ရေးသားဖော်ပြထားသည်။

အကြမ်းဖက်အဖွဲ့အစည်းများကို ငွေကြေးထောက်ပံ့သည်၊ ဆက်သွယ်သည်ဆိုသည့် စွပ်စွဲချက်ဖြင့် ဖမ်းဆီးပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ ထောင်ဒဏ်တသက်အထိ ချမှတ်နိုင်သည့် ပုဒ်မတပ် တရားစွဲဆိုတာတွေကို ပြီးခဲ့တဲ့ ၂၀၂၂ ခုနှစ်ကစလို့ တနင်္သာရီတိုင်းအတွင်း စစ်ကောင်စီက ပိုမိုလုပ်ဆောင်လာကြောင်း ဒေသခံတို့က ပြောသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts