Homeသတင်းNUG အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

NUG အလုပ်သမားဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီ ချိတ်ပိတ်

-

ကရင်ပြည်နယ်၊ ဘာအံမြို့နယ်၊ ထုံးအိုင်ကျေးရွာရှိ အမျိုးသားညီညွတ်ရေးအစိုးရ NUG  အလုပ်သမားဝန်ကြီးဌာနဝန်ကြီး နိုင်သုဝဏ္ဏ(ခ) နိုင်ထွန်းဖေ နေအိမ်ကို စစ်ကောင်စီက ချိတ်ပိတ်ခဲ့ကြောင်း သိရသည်။

ထုံးအိုင်ကျေးရွာ အမှတ် ၇ ရပ်ကွက်ရှိ NUG အလုပ်သမားဝန်ကြီးဌာနဝန်ကြီး နိုင်သုဝဏ္ဏ နေအိမ်ကို စစ်ကောင်စီပူးပေါင်းအဖွဲ့တို့က ဇွန်လ ၁၃ ရက်နေ့ ညနေပိုင်းက လာရောက်ချိတ်ပိတ်သွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

နိုင်သုဝဏ္ဏသည်  အကြမ်းဖက်အဖွဲ့အစည်းများနှင့် ဆက်စပ်သည်ဆိုပြီး နေအိမ်ကို နိုင်ငံတော်သိမ်းဆည်းကြောင်း စစ်ကောင်စီက လာချိတ်ပိတ်သွားသည်ဟု ဆိုသည်။

နိုင်သုဝဏ္ဏသည် ၁၉၉၀ ရွေးကောက်ပွဲတုန်းက မွန်အမျိုးသားဒီမိုကရေစီအဖွဲ့ကိုယ်စား ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်တွင် ဝင်ပြိုင်ခဲ့ပြီး၊ ၂၀၁၅ ရွေးကောက်ပွဲက မွန်အမျိုးသားပါတီကိုယ်စားဖြင့် ဘားအံမြို့နယ်တွင် ဝင်ပြိုင်ခဲ့ဖူးသူဖြစ်ပြီး မွန်ညီညွတ်ရေးပါတီ ဗဟိုအလုပ်အမှုဆောင်ကော်မတီဝင်တစ်ဦးလည်း ဖြစ်ခဲ့သည်။

စစ်တပ်အာဏာသိမ်းပြီးနောက် ပါတီတွင်းသဘောထားကွဲလွဲမှုကြောင့် နိုင်သုဝဏ္ဏသည် မွန်ညီညွတ်ရေးပါတီမှ နှုတ်ထွက်ခဲ့ပြီး ၂၀၂၁ ခုနှစ် မတ်လမှာတော့ အမျိုးသားညီညွတ်ရေးအစိုးရ NUG အလုပ်သမားဝန်ကြီးဌာန ဝန်ကြီးအဖြစ် ခန့်အပ်ခံခဲ့ရသည်။

စစ်တပ်အာဏာသိမ်းပြီးထားသည့် နှစ်နှစ်ကျော်ကာလအတွင်း မွန်ပြည်နယ်အပါအဝင် တနိုင်ငံလုံးက အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ NLD လွှတ်တော်ကိုယ်စားလှယ်များအပါအဝင် ပါတီဝင်များ၊ အရပ်သားပြည်သူများ စုစုပေါင်း ၆၂၅ ဦး၏ နေအိမ်နှင့် ပိုင်ဆိုင်မှုများကို စစ်ကောင်စီက ချိတ်ပိတ်သိမ်းဆည်းခဲ့ကြောင်း NLD က ဇွန်လ ၁၃ ရက်နေ့က ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts