Homeသတင်းမွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် အဆင့်ကျ

မွန်ပြည်နယ် တက္ကသိုလ်ဝင်တန်းအောင်ချက် အဆင့်ကျ

-

မွန်ပြည်နယ်တွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် တက္ကသိုလ်ဝင်တန်းစာမေးပွဲ အောင်ချက် အဆင့် ၅ သို့ ကျသွားကြောင်း  မွန်ပြည်နယ် ပညာရေးမှူးဌာန၏ ထုတ်ပြန်ချက်စာရင်းအရ သိရသည်။

ဇွန်လ ၉ ရက်နေ့ ပြည်နယ်နှင့် တိုင်းဒေသအလိုက် တက္ကသိုလ်ဝင်တန်းအောင်စာရင်များ ထုတ်ပြန်ချက်အရ မွန်ပြည်နယ်တွင် ဖြေဆိုသူ ၅၇၆၈ ဦး ရှိသည့်အနက် ၄၁၇၂ ဦး အောင်မြင်ခဲ့သည်။

မွန်ပြည်နယ်သည် တနိုင်ငံလုံးတွင် အောင်ချက်အကောင်းဆုံးအဖြစ် ဆက်တိုက်ရရှိနေသည့် ပြည်နယ်တစ်ခုဖြစ်ပြီး ယခုနှစ်မှာတော့ အောင်ချက် ၇၂ ဒသမ ၃၃ ရာခိုင်နှုန်းဖြင့် တနိုင်ငံလုံးတွင် အောင်ချက် အဆင့် ၅ သို့ ကျသွားခဲ့သည်။

ပြည်နယ်အတွင်းမှာတော့ အောင်ချက် ၈၆ ဒဿမ ၃၅ ရာခိုင်နှုန်းဖြင့် မုဒုံမြို့နယ်သည် အောင်ချက်အကောင်းဆုံးမြို့နယ်ဖြစ်ပြီး ဒုတိယအောင်ချက်အများဆုံးသည် မော်လမြိုင်မြို့နယ်ဖြစ်ပြီး အောင်ချက်ရာခိုင်နှုန်း ၇၄ ဒသမ ၉၂ ရာခိုင်နှုန်းရှိသည်။

တတိယအောင်ချက်အများဆုံးကတော့ သံဖြူဇရပ်မြို့နယ်ဖြစ်ပြီး အောင်ချက် ၇၄ ဒသမ ၅၄ ရာခိုင်နှုန်းရှိကြောင်း သိရသည်။

တက္ကသိုလ်ဝင်တန်း အောင်မြင်သည့် ကျောင်းသား ကျောင်းသူများထဲတွင် ၆ ဘာသာဂုဏ်ထူးရှင် ၂၁ ဦး၊ ၅ ဘာသာဂုဏ်ထူးရှင် ၄၁ ဦး၊ ၄ ဘာသာဂုဏ်ထူးရှင် ၈၂ ဦး၊ ၃ ဘာသာဂုဏ်ထူးရှင် ၁၇၅ ဦး၊ ၂ ဘာသာဂုဏ်ထူးရှင် ၄၃၂ ဦးနှင့် ၁ ဘာသာဂုဏ်ထူးရှင် ၁၀၁၁ ဦး ရှိကြောင်းလည်း သိရသည်။

တနိုင်ငံလုံး အောင်ချက်အကောင်းဆုံးအဖြစ် မကွေးတိုင်းဒေသကြီးဖြစ်ပြီး အောင်ချက် ၇၅ ဒသမ ၀၄ ရာခိုင်နှုန်း၊ ဒုတိယအများဆုံးသည် ကချင်ပြည်နယ်ဖြစ်ပြီး အောင်ချက် ၇၄ ဒသမ ၀၃ ရာခိုင်နှုန်းနှင့် တတိယအကောင်းဆုံးအဖြစ် မန္တလေးတိုင်းဒေသကြီးဖြစ်ပြီး အောင်ချက် ၇၂ ဒသမ ၅၈ ရာခိုင်နှုန်းရှိသည်။

တနိုင်ငံလုံးအတိုင်းအတာအနေဖြင့် တက္ကသိုလ်ဝင်တန်းဖြေဆိုသူ ၁၆၁၈၅၀ ရှိပြီး ၁၀၉၈၅၁ အောင်မြင်ကာ အောင်ချက် ၆၇ ဒသမ ၈၇ ရာခိုင်နှုန်းရှိသည်ဟု ပညာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားသည်။

Photo Crd CNI

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts