Homeသတင်းကျိုက်ထိုတွင် မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

ကျိုက်ထိုတွင် မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦးသေဆုံး

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သရက်ကုန်းကျေးရွာတွင် မေလ ၂၅ ရက်နေ့ နံနက်ပိုင်းအချိန်ခန့်က မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးသွားကြောင်း သိရသည်။

ယနေ့နံနက် ၇ နာရီခွဲအချိန်ခန့်က မိုးသည်းထန်စွာရွာသွန်းချိန် ကျိုက်ထိုမြို့နယ်၊ အဘိုင်းကျေးရွာအုပ်စု၊ သရက်ကုန်းကျေးရွာ ထိုင်တော်မူဘုရားအနီး ရော်ဘာခြံထဲ နေအိမ်တွင် ရှိနေသည့် လင်မယားနှစ်ဦး  မိုးကြိုးထိမှန်ခဲ့ခြင်း ဖြစ်သည်။

မိုးကြိုးထိမှန်မှုကြောင့် အမျိုးသားဖြစ်သူ နိုင်လင်းထွန်း (ခ) ကောက်ကောက်သည် နေရာတွင်ပင် ပွဲချင်းပြီး သေဆုံးသွားခဲ့ပြီး ဇနီးဖြစ်သူ မသဲစုမိုးကတော့ မိုးကြိုးစက်ကွင်းထိပြီး မီးလောင်ဒဏ်ရာရရှိခဲ့သည်။

“အမျိုးသမီးကလည်း မိုးကြိုးစက်ကွင်းထိပြီး မီးလောင်းဒဏ်ရာလိုမျိုး ရခဲ့တယ်။ အသက်အန္တရာယ်တော့ မစိုးရိမ်ရဘူး” ဟု ဒေသခံတစ်ဦးက ပြောသည်။

မိုးကြိုးထိမှန် ဒဏ်ရာရရှိခဲ့သည့် အမျိုးသမီးကို ကျိုက်ထိုမြို့နယ် ပြည်သူဆေးရုံသို့ ပို့ဆောင်ဆေးကုသမှု ခံယူနေရကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလအတွင်းကလည်း သထုံမြို့ ဘူတာအနောက်ဘက်ရှိ လက်ကွင်းအတွင်း အမျိုးသားတစ်ဦး မိုးကြိုးပစ်ခံရပြီး အမျိုးသားတစ်ဦး သေဆုံးသွားခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,400SubscribersSubscribe

Latest posts