spot_img
Tuesday, September 10, 2024
More
    spot_img
    Homeသတင်းကျိုက်ထိုမြို့နယ်အတွင်းက လမ်းတွေကို စစ်ကောင်စီတပ် ဆက်တိုက်ဖျက်ဆီးနေ

    ကျိုက်ထိုမြို့နယ်အတွင်းက လမ်းတွေကို စစ်ကောင်စီတပ် ဆက်တိုက်ဖျက်ဆီးနေ

    -

    မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းရှိ လမ်းများကို စစ်ကောင်စီတပ်က ဆက်တိုက် ဖျက်ဆီးနေကြောင်း ဒေသခံတို့ထံမှ သိရသည်။ 

    ကျိုက်ထီးရိုးတောင်ခြေရှိ ကင်မွန်းချောင်ကျေးရွာနှင့် ဆောင်နိုင်ကြီးကျေးရွာသို့ ဆက်သွယ်ထားသည့် ကျေးရွာချင်းဆက်လမ်းကို စစ်ကောင်စီတပ်တို့က မေလ ၁၉ ရက်နေ့ ညက ဘက်ဟိုးဖြင့် လာရောက် ဖျက်ဆီးသွားခဲ့သည်။

    မေလ ၂၀ ရက်နေ့ညကလည်း ဝင်းကလောကျေးရွာအဝင်လမ်းကို စစ်ကောင်စီတပ်တို့က ထပ်မံဖျက်ဆီးခဲ့သည်။

    ၎င်းပြင် ကျိုက်ထိုမြို့နယ် အင်္ဂဘိုလက်ပံပင်အဝမှ မဲရုံးလေးကျေးရွာသို့ ဝင်သည့်လမ်းကိုလည်း စစ်ကောင်စီတပ်တို့က မေလ ၂၁ ရက်နေ့ညက ဘက်ဟိုးဖြင့် လာရောက်ဖျက်ဆီးသွားခဲ့သည်ဟု ဒေသခံတို့ထံမှ သိရသည်။

    ကျိုက်ထိုမြို့နယ်တွင် ဖျက်ဆီးခံရသည့် လမ်း ၃ လမ်းရှိနေပြီး အဆိုပါလမ်းများသည် ကင်မွန်းစခန်း-ကျိုက်ထိုကားလမ်းမကြီးမှ ဝင်းကလောကျေးရွာကို ဖြတ်ကာ တံတားချောင်း၊ ဆောင်နိုင်ကြီး၊ ကဒိုင်တွတ်၊ မိုးဘော၊ မဲရုံးလေး၊ မဲရုံးကြီး အစရှိသည့် ကျေးရွာ ၁၀ ရွာထက်မနည်းနှင့် ဆက်စပ်သွားလာနေကြသည့် လမ်းများဖြစ်သည့်အပြင် ဘီးလင်းမြို့နယ်နှင့်လည်း ဆက်နေသည့်လမ်းမကြီးတစ်ခုဖြစ်သည်ဟုလည်း ဆိုသည်။

    စစ်ကောင်စီ တူးဖော်ဖျက်ဆီးသွားသည့်အတွက် လမ်းများသည် ဒေသတွင်း သွားလာအသုံးပြုနေရသည့် လမ်းများဖြစ်သည့်အတွက် ဒေသခံပြည်သူလူထုများ ခရီးသွားလာရေး၊ ရိက္ခာသယ်ယူပို့ဆောင်ရေးနှင့် အရေးပေါ်ကျန်းမာရေးကိစ္စများအတွက် အခက်အခဲကြုံတွေ့နေကြရသည်။

    “ဒီလမ်းတွေက ဒေသခံတွင်းမှာ သွားလာအသုံးပြုနေရတဲ့လမ်းတွေဖြစ်တယ်။ အခု စစ်တပ်က ဖျက်ဆီးလိုက်တော့ ဒီဒေသမှာရှိနေတဲ့ ပြည်သူလူထုတွေအတွက်က သွားလာရေး ခက်ခဲသွားတာပေါ့။ ပြည်သူတွေပဲ ဒုက္ခရောက်တာပေါ့” ဟု ကျိုက်ထိုဒေသခံတစ်ဦးက ပြောသည်။

    စစ်ကောင်စီတပ် လိုက်လံဖျက်ဆီးနေသည့်လမ်းများသည် ကျိုက်ထိုမြို့နယ်အတွင်း ကေအဲန်ယူ တပ်မဟာ ၁၊ တပ်ရင်း ၃ ထိန်းချုပ်နယ်မြေအတွင်းရှိလမ်းများဖြစ်ပြီး စစ်ကောင်စီတပ်က ဖြတ် ၄ ဖြတ်ပုံစံ လုပ်ဆောင်နေသည်ဟု ဒေသခံတို့က သုံးသပ်ပြောဆိုသည်။

    ဆက်စပ်သတင်း

    LEAVE A REPLY

    Please enter your comment!
    Please enter your name here

    This site uses Akismet to reduce spam. Learn how your comment data is processed.

    Stay Connected

    0FansLike
    0FollowersFollow
    409FollowersFollow
    27,700SubscribersSubscribe
    spot_img

    Latest posts