Homeသတင်းစစ်ကောင်စီလေယာဥ်ပျံသန်းနေမှုကြောင့် ရေးဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြ

စစ်ကောင်စီလေယာဥ်ပျံသန်းနေမှုကြောင့် ရေးဒေသခံများ စိုးရိမ်ကြောက်ရွံ့နေကြ

-

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့လှုပ်ရှားမှုအားကောင်းပြီး ပစ်ခတ်တိုက်ခိုက်မှု မကြာခဏဖြစ်ပွားနေသည့် ရေးမြို့နယ်အတွင်းသို့ ယခုရက်ပိုင်းအတွင်း စစ်ကောင်စီလေယာဥ်ပျံသန်းနေသည့်အတွက် လေယာဥ်ဖြင့် ဗုံးကြဲတိုက်ခိုက်မှု ပြုလုပ်လာမည်ကို ဒေသခံတို့ စိုးရိမ်ကြောက်ရွံ့နေကြသည်။

မေ ၆ ရက်နေ့နောက်ပိုင်း ရေးတောင်ပိုင်း၊ မြောက်ပိုင်းဒေသသို့ စစ်ကောင်စီလေယာဥ်ပျံသန်းမှု နေ့စဥ်လိုလိုရှိလာနေသည်ဟု ဒေသခံတို့ထံမှ သိရသည်။

“ဒီတလော စစ်လေယာဥ်တွေ ပျံသန်းနေတော့ လေယာဥ်နဲ့ ဗုံးလာကြဲမှာလား။ ဘယ်အချိန်မှာ ဗုံးကြဲချမလဲဆိုပြီး ထိန့်လန့်ကြောက်ရွံ့နေကြရတယ်။ ဒီဘက်မှာက ပစ်ခတ်မှုတွေကလည်း ခဏခဏဖြစ်နေတယ်ဆိုတော့လေ”  ဟု ရေးဒေသခံတစ်ဦးက ပြောသည်။

ပြီးခဲ့သည့် မေ ၇ ရက်၊ ၈ ရက်နှင့် ၁၀ ရက်နေ့တို့တွင် ရေးမြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနှင့် ကျေးရွာအနီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF စခန်းကို စစ်ကောင်စီက လေယာဥ်ဖြင့် လာရောက် ဗုံးကြဲတိုက်ခိုက်ခဲ့သည်။

ရေးမြောက်ပိုင်း ဘဲလမုကျေးရွာအုပ်စု၊ ဝါပသဲကျေးရွာနှင့် PDF စခန်း ဗုံးကြဲတိုက်ခိုက်ခံရမှုဖြစ်စဥ်အတွင်း PDF ဘက်က ၃ ဦး သေဆုံးပြီး ၄ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်ဟု PDF ဘက်က ထုတ်ပြန်ထားသည်။

၎င်းပြင် စစ်ကောင်စီလေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ဝါပသဲကျေးရွာခံအချို့ ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်အဆောက်အဦးအချို့လည်း ထိခိုက်ပျက်စီးမှုရှိခဲ့သည်။

လေယာဥ်ဗုံးကြဲတိုက်ခိုက်မှုကြောင့် ရေးမြောက်ပိုင်းဒေသရှိ ကျေးရွာတို့မှ ရာနှင့်ချီသည့်ဒေသခံတို့ကလည်း ဘေးလွတ်ရာသို့ ထွက်ပြေးတိမ်းရှောင်ခဲ့ကြရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts