Homeသတင်းကျိုက်ထို မြို့ရှောင်လမ်းတွင် ကားတစ်စီးအရှိန်လွန်တိမ်မှောက်ပြီး ဆရာတော် ၁ပါးပျံလွန်

ကျိုက်ထို မြို့ရှောင်လမ်းတွင် ကားတစ်စီးအရှိန်လွန်တိမ်မှောက်ပြီး ဆရာတော် ၁ပါးပျံလွန်

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့ မြိုရှောင်လမ်း မီးပွိုင့်အနီးတွင် မေ ၁၆ ရက်နေ့ နေ့လည် ၁ နာရီခန့်က ကားတစ်စီး အရှိန်လွန်တိမ်းမှောက်ပြီး ဆရာတော် ၁ ပါး ပျံလွန်တော်မှုကြောင်း လူမူကယ်ဆယ်ရေးအဖွဲ့ထံမှ သိရသည်။ သာသနာရေးအမှတ်တံဆိပ်ပါ CRV အမျိုးအစား အမည်းရောင်ကားသည် ရန်ကုန်မှ မော်လမြိုင်သို့ ယာဥ်မောင်း အရှိန်လွန်ပြီး တိမ်မှောက်မှုသွားခြင်းဖြစ်သည်ဟု ဆိုသည်။

“ရန်ကုန်ကနေ မော်လမြိုင်သွားဖို့ အဲအကွေ့မှာ အရှိန်လွန်ပြီး မှောက်သွားတယ်။ ကားမှာ ဆရာတော် ၁ ပါးနဲ့ ဒါရိုက်ဘာပါတယ်။ ဆရာတော်ကတော့ ဆေးရုံးအရောက်မှာ ပျံလွန်တော်မူသွားတယ်” ဟု ကျိုက်ထိုမြို့ လူမူကူညီရေးအသင်းအဖွဲ့ဝင်တစ်ဦးက ပြောသည်။

ယာဉ်မောင်းကတော့ ထိခိုက်ဒဏ်ရာအနည်းငယ်သာ ရရှိကြောင်း လူမှုကယ်ဆယ်ရေးအဖွဲ့တို့ထံမှ သိရသည်။

ပျံလွန်တော်မှုသွားသော ဆရာတော်သည် မော်လမြိုင်မြို့၊ တောင်ဝိုင်းကလေး မဟာစည်သာသနာ့ရိပ်သာတွင် သီတင်သုံးနေထိုင်ပြီး ရန်ကုန်မြို့ လှည်းကူးမှ ကျောင်းထိုင်ဆရာတော် ဘဒ္ဒန္တသာသနာ့ ဖြစ်သည်ဟု သိရသည်။


ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,800SubscribersSubscribe

Latest posts