Homeသတင်းကော့ကရိတ်မြို့အဝင်လမ်းများ ဖျက်ဆီးလိုက်သည့်အတွက် ဒေသခံများ သွားလာရေး အခက်ကြုံ

ကော့ကရိတ်မြို့အဝင်လမ်းများ ဖျက်ဆီးလိုက်သည့်အတွက် ဒေသခံများ သွားလာရေး အခက်ကြုံ

-

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်နှင့် ကြာအင်းဆိပ်ကြီးမြို့နယ်ကြားလမ်းပိုင်းကို စစ်ကောင်စီတပ်တို့က ဖျက်ဆီးလိုက်သည့်အတွက် ဒေသခံများ သွားလာရေး အခက်အခဲကြုံတွေ့နေရသည်ဟု ဒေသခံတို့ထံမှ သိရသည်။

ကော့ကရိတ်-ကြာအင်းဆိပ်ကြီး-မုဒုံထိ ဆက်သွယ်ထားသည့် တောင်ကြာအင်းကျေးရွာရှိ လမ်းပိုင်းကို စစ်ကောင်စီတပ်တို့က မေ ၁၄ ရက်နေ့ နေ့ နံနက် ၁၀ နာရီအချိန်ခန့်က ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးလိုက်ခြင်းဖြစ်သည်။

မေလ ၁၃ ရက်နေ့ကလည်း ကော့ကရိတ်မြို့တောင်ပိုင်းရှိ  မြို့အဝင်လမ်းပိုင်းများကိုလည်း စစ်ကောင်စီ တပ်တို့က ဘူဒိုဇာမြေတူးကားဖြင့် ဖျက်ဆီးခဲ့သည်ဟုလည်း ဆိုသည်။ 

စစ်ကောင်စီတပ်တို့က ကော့ကရိတ်မြို့အဝင်လမ်းများကို စစ်ကောင်စီ ဖျက်ဆီးလိုက်သည့်အတွက် ဒေသခံများ သွားလာရေး ခက်ခဲကြုံတွေ့ရသည့်အပြင် ရိက္ခာများ သယ်ယူရန်အတွက်လည်း အခက်အခဲကြုံတွေ့ရသည်ဟု ဒေသခံတို့က ပြောသည်။

“ဒီလမ်းက မုဒုံကနေ မြဝတီထိ သွားတာ၊ အခု ဒီလမ်းကို ဖျက်ဆီးလိုက်တော့ ဒီလမ်း သွားလို့မရတော့ဘူး။ သိရသလောက်ကတော့ ကော့ကရိတ်မြို့အဝင်လမ်းတွေအားလုံးကို အကုန် ဖျက်ဆီးထားတယ်လို့ ပြောတယ်” ဟု ကျုံဒိုးဒေသခံတစ်ဦးက ပြောသည်။

ယင်းလမ်းပိုင်းရှိ အဓိကချောင်းကူးတံတားကြီးတစ်စင်းဖြစ်သည့် တောင်ကြာအင်းတံတားကိုလည်း စစ်ကောင်စီတပ်တို့က မေလ ၆ ရက်နေ့မှစတင်၍ ဖြတ်သန်းသွားလာခွင့် ပိတ်ပင်ခဲ့သည်ဟုလည်း ဒေသခံတို့ထံမှ သိရသည်။ တောင်ကြာအင်းတံတား စတင်ပိတ်ပစ်လိုက်သည့်အချိန်မှစတင်၍ ကော့ကရိတ်မြို့ရှိ စစ်ကောင်စီ ခြေလျင်တပ်ရင်း-ခလရ ၉၇ တပ်မှ ညတိုင်းလိုလို လက်နက်ကြီးများဖြင့် လူနေကျေးရွာထဲ  ပစ်ခတ်မှုများ လုပ်ဆောင်ခဲ့ကြောင်းလည်း ဒေသခံတို့ထံမှ သိရသည်။

 

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts