Homeသတင်းမူးယစ်ဆေးဝါးကျိုက်ထိုမြို့နယ်တွင် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

ကျိုက်ထိုမြို့နယ်တွင် ICE မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိ

-

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် ICE (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါးများ ဖမ်းဆီးရမိကြောင်း သိရသည်။

မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ ပူးပေါင်းအဖွဲ့သည် သက်သေများနှင့်အတူ ကျိုက်ထိုမြို့နယ်၊ မရမ်းချောင်ပူးပေါင်းစစ်ဆေးရေးဂိတ်တွင် မေ ၁၀ ရက်နေ့ ညနေပိုင်းက ရန်ကုန်မြို့ဘက်မှ မြိတ်မြို့ဘက်သို့ မောင်းနှင်လာသည့် ခရီးသည်တင် မော်တော်ယာဉ်အား စစ်ဆေးရှာဖွေခဲ့သည်။

ထိုသို့ စစ်ဆေးရှာဖွေစဥ် ယာဉ်ပေါ်တွင် လိုက်ပါလာသည့် ခရီးသည် မသန်းသန်းရီ၏ ကျောပိုးအိတ်အတွင်းမှ ICE အလေးချိန် ၁ ကီလို(ဒေသကာလပေါက်ဈေးတန်ဖိုး ကျပ်သိန်း ၂၅၀)နှင့် လက်ကိုင်ဖုန်း ၁ လုံးတို့အား သိမ်းဆည်းရမိခဲ့သည်။

မူးယစ်ဆေးဝါးများ လက်ဝယ်တွေ့ရှိသည့် မသန်းသန်းရီ ၃၅ နှစ်ကို ကျိုက်ထိုမြို့မရဲစခန်းတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသောဆေးဝါးများဆိုင်ရာဥပဒေအရ အမှုဖွင့် အရေးယူထားရှိပြီး ကွင်းဆက်များကို ဖော်ထုတ်လျက်ရှိကြောင်း သိရသည်။

ပြီးခဲ့သည့် ဧပြီလကုန်ပိုင်းကလည်း သံဖြူဇရပ်မြို့နယ်၊ ကျိုက္ခမီမြို့ပေါ်တွင် ICE (မက်သ်အဖက်တမင်း) မူးယစ်ဆေးဝါး ၁၃ ကီလိုခန့် ဖမ်းဆီးရမိခဲ့သေးသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,800SubscribersSubscribe

Latest posts