Homeသတင်းဘီးလင်းမြို့နယ်အတွင်း ဓါတ်ငွေ့ပိုက်လိုင်း မိုင်းဖောက်ခွဲခံရ

ဘီးလင်းမြို့နယ်အတွင်း ဓါတ်ငွေ့ပိုက်လိုင်း မိုင်းဖောက်ခွဲခံရ

-

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ် ဇုတ်သုတ်ကျေးရွာအနီးတွင် မတ်လ ၉ ရက်နေ နံနက် ၄ နာရီ အချိန်ခန့်က ဓါတ်ငွေ့ပိုက်လိုင်း ဖောက်ခွဲခံရမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

မိုင်းဖြင့်ဖောက်ခွဲခံရမှုကြောင်း ဇောတိက-ကံပေါက်-မြိုင်ကလေး-ရန်ကုန် ဓါတ်ငွေ့ပိုက်လိုင်း ၂၀ လက်မခန့် ပြတ်တောက်ပျက်စီးသွားပြီး မီးလောင်သွားခဲ့ကြောင်း သိရသည်။

ဖောက်ခွဲခံရသည့် ဓါတ်ငွေ့ပိုက်လိုက်သည် ရန်ကုန်မြို့ရှိ လှော်ကားသဘာဝဓါတ်ငွေ့သုံး လျှပ်စစ်ဓါတ်အားပေး စက်ရုံသို့ သွယ်တန်းထားသော ဓါတ်ငွေ့ပိုက်လိုင်းဖြစ်ကြောင်း စစ်ကောင်စီ လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။

ထိုသို့ မိုင်းဖြင့် ဖောက်ခွဲခံရသည့်အတွက် ဓါတ်အားစနစ်အတွင်းသို့ ဓါတ်အားထုတ်လွှတ်ပေးပို့နိုင်မှု ၅၅ မဂ္ဂါဝပ်ခန့် လျော့နည်းသွားခဲ့ကြောင်းလည်း ထုတ်ပြန်ထားသည်။

လက်ရှိ တက္ကသိုလ်ဝင်စာမေးပွဲကာလဖြစ်သည့်အတွက် လျော့နည်းသွားသော လျှပ်စစ်ဓါတ်အားကို ရေအားလျှပ်စစ် ဓါတ်အားပေးစက်များမှ တိုးမြှင့် ထုတ်လုပ်ပေးသွားမည်ဟု စစ်ကောင်စီ လျှပ်စစ်ဌာနက ထုတ်ပြန်ထားသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts