Homeသတင်းလက်နက်ကြီးကျည်ကျကွဲမှုကြောင့် ရေးမြို့နယ်က အဘွားအိုတစ်ဦး ထိမှန်ဒဏ်ရာရ

လက်နက်ကြီးကျည်ကျကွဲမှုကြောင့် ရေးမြို့နယ်က အဘွားအိုတစ်ဦး ထိမှန်ဒဏ်ရာရ

-

မွန်ပြည်နယ်၊ ရေးမြို့နယ်၊ လမိုင်းမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီအမြောက်တပ်မှ မတ်လ ၅ ရက်နေ့ နေ့လည် ၂ နာရီခွဲအချိန်ခန့်က လက်နက်ကြီးဖြင့်ပစ်ခတ်မှုကြောင့် အောင်သာယာကျေးရွာမှ အဘွားအိုတစ်ဦး ကျည်ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။

စစ်ကောင်စီအမြောက်တပ် ၃၁၇ တပ်ရင်းမှ ပစ်ခတ်လိုက်သည့် လက်နက်ကြီးကျည်သည် အောင်သာယာကျေးရွာအတွင်းသို့ ကျရောက်ပေါက်ကွဲပြီး လူထိမှန်ဒဏ်ရာရရှိခဲ့ခြင်းဖြစ်သည်။

“မနေ့က မော့ကနင်အနီးတဝိုက်မှာရော၊ တခြားနေရာတွေမှာပါ ပစ်ခတ်မှုတွေ၊ တိုက်ပွဲတွေမရှိဘူး။ စစ်ကောင်စီက ဘာ့ကြောင့်လက်နက်ကြီးနဲ့ လိုက်ပစ်တာလဲဆိုတာတော့မသိရဘူးလေ။ အဲ့ဒါ ရွာထဲ လက်နက်ကြီးကျည်ကျတော့ အသက် (၇၈) နှစ်အရွယ် အဖွားတစ်ယောက် ဗိုက်မှာ လက်နက်ကြီးကျည်စ ထိမှန်ဒဏ်ရာရရှိခဲ့ပါတယ်။ ဒဏ်ရာကပြင်းတယ်။ အူတွေပါထွက်ကျကုန်တာ” ဟု ဒေသခံတစ်ဦးက ပြောသည်။

လက်နက်ကြီးကျည်စထိမှန်ဒဏ်ရာရရှိခဲ့သည့် အဘွားအိုအား လူမှုကူညီကယ်ဆယ်ရေးအသင်းများမှ လမိုင်းပြည်သူ့ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြပြီးနောက် မော်လမြိုင်မြို့ရှိပြည်သူ့ဆေးရုံကြီးသို့ ပို့ဆောင်ပေးခဲ့ကြကြောင်း သိရသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ (၁၀) ရက် ညနေပိုင်းကလည်း လမိုင်းမြို့၊ မော့ကနင်ကျေးရွာရှိ စစ်ကောင်စီ၏ အမြောက်တပ် ၃၁၇ တပ်ရင်းမှ လက်နက်ကြီးဖြင့် ရမ်းသမ်းပစ်ခတ်ခဲ့သည့်အတွက် စုံစည်းမြိုင်ရွာ (ရိုးဖို့ဂေဟ်) ရှိ ဘုန်းကြီးကျောင်းဝင်းအတွက် လက်နက်ကြီးကျည်ကျရောက်ပေါက်ကွဲခဲ့ကာ ကိုရင်တစ်ပါးပျံလွန်တော်မူပြီး ဦးဇင်းတစ်ပါး ထိမှန်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,300SubscribersSubscribe

Latest posts