Homeသတင်းPhoto News - (၁၉) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွေမှာ ကျင်းပပြုလုပ်ခဲ့

Photo News – (၁၉) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွေမှာ ကျင်းပပြုလုပ်ခဲ့

-

တပေါင်းလဆန်း (၁၂) ရက်နေ့ (မတ်လ ၂ ရက်) တွင် ကျရောက်တဲ့ (၁၉) ကြိမ်မြောက် မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွေမှာ ကျင်းပပြုလုပ်ခဲ့ကြပါတယ်။

စစ်တပ်အာဏာမသိမ်းခင်က မွန်အမျိုးသမီးများနေ့ အထိမ်းအမှတ်အခမ်းအနားကို မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသမှာသာမကပဲ မော်လမြိုင်၊ သံဖြူဇရပ်၊ ရေး အစရှိတဲ့ မြို့တွေနဲ့ ကျေးရွာတွေမှာ မွန်အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ မွန်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ပြီး စည်စည်ကားကားနဲ့ နှစ်စဥ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါတယ်။

စစ်အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ မွန်အမျိုးသမီးအဖွဲ့အစည်းတွေနဲ့ မွန်လူမှုအဖွဲ့အစည်းတွေ ဦးဆောင်ကျင်းပနိုင်ခြင်းမရှိတော့ပဲ မွန်ညီညွတ်ရေးပါတီနဲ့ မွန်ပြည်သစ်ပါတီထိန်းချုပ်နယ်မြေဒေသတွေမှာသာ ကျင်းပခဲ့ကြပါတယ်။

မွန်ဘုရင်မ ရှင်စောပု မွေးနေ့ဖြစ်တဲ့ တပေါင်းလဆန်း (၁၂) ရက်ကို မွန်အမျိုးသမီးများနေ့အဖြစ် သတ်မှတ်ပြီး အထိမ်းအမှတ်အခမ်းအနားကို နှစ်စဉ်နှစ်တိုင်း ကျင်းပလာခဲ့ကြပါတယ်။

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
40,200SubscribersSubscribe

Latest posts