Homeသတင်းမြဝတီတွင် ယာဉ်တိုက်မှုကြောင့် ထိုင်းသို့ အလုပ်သွားလုပ်မည့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

မြဝတီတွင် ယာဉ်တိုက်မှုကြောင့် ထိုင်းသို့ အလုပ်သွားလုပ်မည့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ သြဂုတ် ၆)

ကရင်ပြည်နယ် မြဝတီ-အာရှလမ်း နတ်စင်ကွေ့အနီးမှာ မြဝတီတက်သည့် ခရီးသည်တင် မှန်လုံယာဉ်အား ၂၂ ဘီးမှ နောက်တွဲဖြင့် ရိုက်မိတာကြောင်း ထိုင်းနိုင်ငံသို့ အလုပ်သွားလုပ်မည့် လူ ၁၁ ဦး ထိခိုက်ဒဏ်ရာရှိခဲ့ကြောင်း သိရသည်။

ဩဂုတ်လ ၄ ရက် နေ့လည်ပိုင်းက ကော့ကရိတ်-မြဝတီတွင် ထိုင်းနိုင်ငံကို နှစ်နိုင်ငံသဘောတူစာချုပ် MOU စနစ်ဖြင့် သွားရောက်အလုပ်ကိုင်မည့် လုပ်သား ၉၉ ဦး တင်ဆောင်လာတဲ့ မှန်လုံယာဉ်နှင့် ကုန်တင်ယာဉ်တို့ မှ ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

လူမူကယ်ဆယ်ရေးအဖွဲ့ဝင် ကိုထိုက်က “၄ နာရီကျော်လောက်ပဲ MOU လုပ်သားတင်ဆောင်လာတဲ့ ကားကို မြဝတီကနေ ဆင်းလာတဲ့ ကားက အနောက်တွဲနဲ့ ရိုက်မိတယ်။ အပေါ်မှာပါလာတဲ့ ခရီးသည်တွေက ခုန်းဆင်းတဲ့ လူကဆင်း ကားထဲမှာ ရိုက်မိလို့ မျက်လုံးခွဲတဲ့ လူကကွဲ ခုန်းဆင်းတဲ့လူက ခြေထောက်တော်တော်ထိခိုက်သွားတယ်” ဟု ပြောသည်။

အဆိုပါ ယာဉ်တိုက်မှုဖြစ်စဉ်ကြောင့် ထိခိုက်ဒဏ်ရာရရှိခဲ့သူ အမျိုးသား ၉ ဦးမှာ ထိုင်းနိုင်ငံကို MoU စနစ်ဖြင့် ပွင့်ဖူးအောင် ကုမ္ပဏီမှ တရားဝင်စေလွှတ်မည့် လုပ်သားများဖြစ်ပြီး ကော့ကရိတ်ဆေးရုံကနေ ရန်ကုန်ဆေးရုံကြီးကို လွှဲပြောင်းပြီး ဆက်လက်ကုသပေးကြောင်းသိရသည်။

ခရီးသည်တင်မှန်လုံယာဉ်မောင်းနှင့် ယာဉ်ထိန်း (၂)ဦးမှာ ကော့ဂရိတ်ဆေးရုံမှ  ဘားအံဆေးရုံးကြီးသို့ လွှဲပြောင်းပို့ဆောင်ပေးကြောင်း သိရသည်။

Topics; #မြဝတီ #ယာဉ်တိုက်မှု #MUO #ထိခိုက်ဒဏ်ရာရ

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts