Homeသတင်းမွန်ပြည်နယ်တွင် ဇူလိုင်လကုန်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၀၀ ကျော်ရှိ

မွန်ပြည်နယ်တွင် ဇူလိုင်လကုန်ထိ သွေးလွန်တုပ်ကွေးဖြစ်ပွားသူ ၁၈၀၀ ကျော်ရှိ

-

မွန်သတင်းအေဂျင်စီ (၂၀၂၂ ဩဂုတ် ၆)

မွန်ပြည်နယ်တွင် ယခုနှစ် ဇန်နဝါရီလမှ ဇူလိုင်လကုန်အထိ သွေးလွန်တုပ်ကွေးရောဂါ ကူးစက်ဖြစ်ပွားသူ ၁၈၀၀ ကျော်ထိ ရှိလာပြီဖြစ်ကြောင်း ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။

ဇူလိုင်လ ၃၀ ရက်ထိ ရောဂါ ကူးစက်ဖြစ်ပွားသူ ၁၈၇၅ ဦးထိ ရှိလာပြီး သေဆုံးသူ ၃ ဦး ရှိကြောင်း ၎င်းက ဆက်ပြောသည်။

“သွေးလွန်တုပ်ကွေး‌ကြောင့် သွေးလန့်တာ‌တွေ ဖြစ်ပြီး ဆေးရုံရောက်လာတာတွေကို ဆရာတို့ ကြပ်ကြပ်မတ်မတ်ကုသပေးခဲ့ရတဲ့ နှစ်တွေရှိတယ်။ ဆရာတို့ဆီမှာ နှစ်နှစ်၊ သုံးနှစ်တစ်ခါလောက် ကြုံရတတ်တယ်ပေါ့။ အခု ဆရာတို့ ၂၀၂၂ က အဲလိုမျိုး ဆိုးဆိုးဝါးဝါးဖြစ်တဲ့ နှစ်ဖြစ်ပါတယ်။ သွေးလန့်တာတွေ ရှောခ့်ဖြစ်ပြီး ရောက်လာတာတွေ တော်တော်များတယ်။ အဲဒါကြောင့် ပြည်သူတွေအနေနဲ့ ဒီနှစ်က သတိထားရမယ့်နှစ်ဖြစ်တယ်ပေါ့”ဟု ၎င်းက ပြောသည်။

နေအိမ်အတွင်း ခြင်ပေါက်ပွားမှူ မရှိအောင် သိူလှောင်ရေများကို စနစ်တကျ ဖုံးအုပ်ထားရန် လိုအပ်ကြောင်း၊ ယခုနှစ်အတွင်း သွေးလွန်တုပ်ကွေး အန္တရာယ် မပြီးဆုံးသေးသောကြောင့် မိဘများအနေဖြင့် အထူးသတိပြုရမည်ဖြစ်ကြောင်း ၎င်းက ပြောသည်။

နေအိမ်အတွင်း ကေလးငယ်များကို ခြင်ထောင်ထဲ၌သာ ဆော့ကစားစေခြင်းနှင့် ဘောင်းဘီရှည်ဝတ်ဆင်ထားပေးသင့်ကြောင်း သီရီမြိုင်ရပ်ကွက်မှ အသက် ၅ နှစ်အရွယ် ကလေး၏ မိခင်တစ်ဦးက အကြံပြုပြောကြားသည်။

“အခုချိန်ကတော့ ဆေးခန်းတွေမှာ လူတွေကပြည့်နေရော။ ကလေးတွေပဲ။ အမကလေးဆိုလည်း နှစ်တိုင်းဖြစ်တာ။ ဆေးရုံတင်တဲ့အထိ မလိုသွားတာပဲ ရှိမယ်”ဟု ၎င်းက ပြောသည်။

ကလေးငယ်များ ခြေဖျားလက်ဖျားအေးစက်လာခြင်း၊ မှိန်းနေခြင်း၊ အစာမစားခြင်း၊ အော့အန်ခြင်း နှင့် ခန္ဓာကိုယ်တွင် အနီစပ်များ ပေါ်လာပါက နီးစပ်ရာ ကျန်းမာရေးဌာန (သို့မဟုတ်) ဆေးရုံဆေးခန်းသို့ အချိန်မီ ပို့ဆောင်ရန် ကျန်းမာရေးဦးစီးဌာနက ထုတ်ပြန်ထားသည်။

မွန်ပြည်နယ်အတွင် သွေးလွန်တုပ်ကွေးအဖြစ်များဆုံး မြိုနယ်များမှာ မော်လမြိုင်၊ ချောင်းဆုံနှင့် သံဖြူဇရပ်မြို့နယ်တို့ ဖြစ်ကြောင်း ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ သိရသည်။။

Topics; #မွန် #သွေးလွန်တုပ်ကွေး #ပြည်သူ့ကျန်းမာရေ

Photo – Eleven

ဆက်စပ်သတင်း

Stay Connected

0FansLike
0FollowersFollow
409FollowersFollow
39,900SubscribersSubscribe

Latest posts